၁၂.၂

122 21 1
                                    

အခန်း(၁၂.၂)

ကုဟိုင်က ခေါင်းမော့ပြီး သူ့ဘေးနားမှာရပ်နေတဲ့ စစ်ဦးစီးချုပ်ကို ကြည့်လိုက်ပြီး အံ့ဩနေတဲ့လေသံနှင့်မေးလိုက်တယ် "အဲလစ်..ခင်ဗျားဘာကြောင့် နှုတ်ထွက်မှာလဲ?"

စစ်ဦးစီးချုပ်က ဒီဂြိုဟ်၏အစိုးရရေးရာ ကိစ္စအရပ်ရပ်ကို တာဝန်ယူထားပြီး တူဆာကို ကောင်းစွာစံမံခန့်ခွဲနိုင်တယ်။ကုဟိုင်က သဘာဝကျစွာဘဲ တစ်ဖက်လူကို နှုတ်မထွက်စေချင်ဘူး။

"မဟုတ်ပါဘူး..ကျွန်တော်မျိုး နှုတ်မထွက်ချင်ပါဘူး"စစ်ဦးစီးချုပ်က တည်ငြိမ်စွာ ပြန်ဖြေလိုက်ပေမဲ့ မျက်မှန်ကိုအလျင်စလိုတွန်းတင်လိုက်တဲ့ သူ့အပြုအမူက သူ့နှလုံးသားကို ထင်ရှားစေတယ် "ဒီလက်အောက်ငယ်သားက တူဆာမှာနေမှာဖြစ်ပြီး အရှင့်အတွက် အရှင်အနှစ်သက်ဆုံးအိမ်ကို ဆောက်လုပ်ပေးမှာဖြစ်တယ်"

စစ်ဦးစီးချုပ်ဆိုသည့်ရာထူးက သူ့ကို ဘုရင်နှင့် ပုံမှန်ထိတွေ့ခွင့်ရစေတယ်။အဲလစ်က ရာထူးမှမနှုတ်ထွက်ရုံသာမက တူဆာပေါ်မှာတစ်သက်လုံးနေဖို့ဆန္ဒရှိတယ်။

အရင်တုန်းက စစ်ဦးစီးချုပ်ဆိုတဲ့ရာထူးက အစိုးရရေးရာကိစ္စရပ်အများအပြားကို တာဝန်ယူလုပ်ဆောင်ရန်လိုအပ်ခဲ့တယ်။အဲလစ်က သူ့လုပ်ဖော်ကိုင်ဖက်ခြောက်ယောက်ကို သူက နှုတ်ထွက်တော့မှာဖြစ်ပြီး သူ့နေရာကို တစ်ယောက်ယောက်လိုချင်လားဟု မေးခဲ့တယ်။သူတို့အားလုံးက ငြင်းဆန်ခဲ့တယ်။အခု အရှင်မင်းကြီးက တူဆာမှာရှိနေတာကြောင့် သူ့လုပ်ဖော်ကိုင်ဖက်တွေက သူ့နေရာကိုလိုချင်နေတယ်။ဒီလိုမျိုး ဘယ်လိုလုပ်ဖြစ်လို့ရမလဲ?စစ်ဦးစီးချုပ်က သူ့နေရာကို တင်းတင်းကျပ်ကျပ်ဆုတ်ကိုင်ထားပြီး ဖယ်ပေးမှာမဟုတ်ဘူး။

"ကောင်းတယ်...မထွက်နဲ့"ကုဟိုင်ရဲ့မျက်လုံးတွေက ကွေးသွားတယ်။

ကုဟိုင်က ဗိုက်ပြည့်သွားတော့ သူ့ပါးစပ်ကိုသန့်ရှင်းလိုက်တယ်။သူက အိပ်မငိုက်လာသေးတာကြောင့် ထထိုင်ပြီး စစ်ဦးစီးချုပ်ကို တောင်းဆိုလိုက်တယ် "အဲလစ်..ကျွန်တော်တို့မျိုးနွယ်ရဲ့အသေးစိတ်အခြေအနေကို ကျွန်တော့်ကိုပြောပြပါ"

Zergဘုရင်လေးWhere stories live. Discover now