အခန်း(၁.၂)

328 58 1
                                    

အခန်း(၁.၂)

တောက်.တောက်....

တစ်တောက် တောက် ဆက်တိုက်ခေါက်သံတွေက မှောင်မဲနေတဲ့လှိုဏ်ဂူကြီးထဲမှာ ဖုံးလွှမ်းသွားသည်။ဒီနူးညံတဲ့ခေါက်သံကို ပထမဆုံးကြားလိုက်ရတဲ့အခိုက်တွင် နီမြန်းသည့်ဒေါင်လိုက်သူငယ်အိမ်နှင့် ဒါဇင်ချီသည့်မျက်လုံးပေါင်းများစွာက အမှောင်ထဲမှာ ရုတ်တရက်ပေါ်လာတယ်။သူတို့က အသံထွက်ပေါ်ရာရင်းမြစ်ကို ကျောက်ချထားသလို စူးစိုက်ကြည့်နေကြတယ်။

နီမြန်းသည့်မျက်လုံးပေါင်းများစွာသည် အမှောင်ထဲတွင် ပိုပြီးကြောက်စရာကောင်းနေ၏။သူတို့က အေးစက်ပြီးခက်ထန်ကြမ်းကြုတ်နေပြီး ဘယ်လိုလူသားဆန်တဲ့အရိပ်အယောင် လူသားခံစားချက်မျိုးရှိမနေဘူး။သူတို့က သေသေချာချာကို လူသားတွေမှာရှိတဲ့မျက်လုံးမျိုးမဟုတ်ဘူး။

ဤမှောင်မိုက်တဲ့ပတ်ဝန်းကျင်တွင် ပုန်းအောင်းနေတဲ့ လူသားမဟုတ်တဲ့သက်ရှိတွေက ကြီးမားတဲ့အရွယ်အစားရှိတယ်။သူတို့၏ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို တိုက်ပွဲဝင်ဖို့ရာ ပြုလုပ်ထားတယ်။

အေးစက်ပြီးတောက်ပြောင်သည့်ခန္ဓာကိုယ်ရှိသည့် သူတို့ကို ကြည့်ရတာ အလွန်ကိုသန်မာအားကောင်းသည့်အကာအကွယ်များ ပိုင်ဆိုင်ထားပုံရတယ်။လက်ဖျံတွေကို ကြည့်ရတာလည်း ဖြတ်ထားသောဓားသွားကဲ့သို့ဖြစ်ပြီး ချွန်ထက်သည့်သွားများသည် ကြည့်ရုံနှင့်ကို သိသာထင်ရှားစွာ ကြောက်မက်ဖွယ် ကိုက်ခဲသည့်စွမ်းအားရှိပုံရတယ်။

အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းက အရွယ်ရောက်ပြီးလူသားတစ်ယောက်၏အရွယ်ထက် အဆပေါင်းများစွာကြီးမားပြီး ဒီကြောက်စရာကောင်းတဲ့သက်ရှိတွေက သံသယဖြစ်စရာမလိုအောင်ဘဲ ၎င်းတို့၏သားကောင်ကို အလွယ်တကူ အပိုင်းပိုင်းဖြစ်အောင် ဆုတ်ဖြဲပစ်နိုင်တဲ့စွမ်းရည်ရှိမှာသေချာတယ်။

ဒီကြောက်စရာကောင်းတဲ့သက်ရှိတွေက ဇာ့ဂ်(Zerg)တွေဖြစ်ပြီးတော့ ၎င်းတို့က အရက်စက်အကြမ်းကြုတ်ဆုံးနှင့်ရန်လိုသော မျိုးစုထဲက တာ့ခ်ဇာ့ဂ်ဖြစ်တယ်။

သူတို့က အရေးကြီးတဲ့တစ်စုံတစ်ရာကို စောင့်ရှောက်နေသလိုမျိုး ဒီတာ့ခ်ဇာ့ဂ်တွေက လိုဏ်ဂူအလယ်မှာလဲလျောင်းနေတဲ့ ကြီးမားသည့်အဖြူရောင်ဥကြီးကို ဝန်းရံနေတာဖြစ်တယ်။သူတို့က တိတ်တဆိတ်စောင့်ရှောက်ပေးနေတဲ့ အကာအကွယ်စက်ဝိုင်းတစ်ခုကဲ့သို့ ဝန်းရံနေတာဖြစ်တယ်။

Zergဘုရင်လေးNơi câu chuyện tồn tại. Hãy khám phá bây giờ