အခန်း(၃.၂)

276 73 1
                                    

အခန်း(၃.၂)

မျက်လုံးတွေမှိတ်ထားတာက သူ့အမြင်အာရုံကိုပိတ်ဆို့ထားတာကြောင့် ကုဟိုင်က ဥခွံထဲပြန်လဲအိပ်လိုက်တဲ့အခါ ဥခွံရှေ့ရှိတာ့ခ်ဇာ့ဂ်၏နီမြန်းတဲ့ဒေါင်လိုက်မျက်လုံးတွေက တောက်ပသွားတာကို မမြင်လိုက်ရဘူး။၎င်းက ချက်ချင်းဘဲ သူ့လက်ဖျံတွေကို မြှောက်ပြီး ဥခွံကိုနူးညံ့စွာတွန်းပေးလိုက်သည်။

ဒီပုံရိပ်ကို မမြင်နိုင်ပေမဲ့ ကုဟိုင်က တာ့ခ်ဇာ့ဂ်ရဲ့ပျော်ရွှင်မှုကို ရှင်းရှင်းလင်းလင်းကို ခံစားနိုင်တယ်။ဒါက သူတို့ကို ပျော်ရွှင်စေခဲ့လျှင် ဒါက ဘာမှမှားယွင်းမှုမရှိဘူး...

ကုဟိုင်က ဥခွံထဲတွင် ခဏလောက်လဲနေခဲ့တယ်။ဥခွံလှုပ်ရမ်းတာ ရပ်သွားတဲ့အခါနောက်ဆုံးမှာ ကုဟိုင်က ထလာပြီး ဥခွံထဲကနေထွက်လာခဲ့တယ်။

ကုဟိုင်က ဥခွံထဲကနေ ထွက်လာတာနှင့် ချက်ချင်းဘဲ ဝန်းရံနေတဲ့တာ့ခ်တွေရဲ့ စိုးရိမ်ပူပန်မှုကို ခံစားရလိုက်သည်။အထူးသဖြင့် သူ့ရှေ့တစ်လှမ်းတိုးလိုက်တာနှင့် တာ့ခ်ဇာ့ဂ်တွေက စိုးရိမ်ပူပန်လာပြီး မြေကြီးစိုက်ကြည့်နေကြသည်။

ကုဟိုင် "....."

ဒါက သူနောက်တစ်ကြိမ်လဲကျမှာကို ကြောက်ရွံ့နေကြတာဖြစ်တယ်။ကုဟိုင်က ဒီတာ့ခ်တွေရဲ့အတွေးကို နားလည်လုနီးပါးပင်။ခဏလောက် တုံ့ဆိုင်းနေပြီးမှ ကုဟိုင်က အကူအညီမဲ့စွာပြုံးပြီးပြောလိုက်တယ် "ငါ ထပ်လဲမှာမဟုတ်ဘူး။မင်းတို့မစိုးရိမ်ပါနဲ့"

သူတို့က နားမလည်ဘူး။ဒါက သူတို့ရဲ့ဉာဏ်ရည်ချို့တဲ့မှုနှင့် ဘာသာစကားကိုနားလည်ရန် ခက်ခဲမှုကြောင့်ဖြစ်တယ်။သို့တိုင် တာ့ခ်ဇာ့ဂ်တွေသည် ကုဟိုင်၏ကွေးနေတဲ့မျက်လံးတွေကိုမြင်တော့ ဝမ်းသာအားရအော်မြည်သံကို ထုတ်လွှတ်လိုက်တယ်။

လူငယ်လေးက ထိုကဲ့သို့အပြုအမူကို ပြသနေခြင်းသည် ပျော်ရွှင်မှုကို ကိုယ်စားပြုသည်။သူတို့၏ဘုရင်က ပြုံးဖို့ရာ ဆန္ဒရှိခြင်းသည် သူတို့ကိုလည်း ပျော်ရွှင်အောင်လုပ်ပေးသည်။

သူက တခြားကမ္ဘာကို ဖြတ်သန်းလာပြီး ဂြိုဟ်သားမျိုးနွယ်တစ်ခုရဲ့ဘုရင်သစ်ဖြစ်လာခဲ့တယ်။အမှန်အတိုင်းပြောရလျှင် ကုဟိုင်က ဘာလုပ်ရမှန်းကိုမသိဘူး။

Zergဘုရင်လေးWhere stories live. Discover now