၁၃.၂

108 17 1
                                    

အခန်း(၁၃.၂)

ကမ်ပါလီယားက သူမပတ်ဝန်းကျင်ရှိအဆင့်မြင့်ဇာ့ဂ်တွေထက် အမှန်တရားကို ပိုမိုမြန်ဆန်စွာ သတိပြုမိခဲ့တယ်။ထိုင်ခုံပေါ်ရှိ လူငယ်လေး၏နီရဲပြီးစိုစွတ်နေတဲ့မျက်ဝန်းတွေကို မြင်လိုက်ရတဲ့အခိုက်မှာ ကမ်ပါလီယာ၏အလိုအလျောက်တုံ့ပြန်မှုသည် ဒေါသဖြစ်ပြီး သူမအမူအရာက လျှပ်တစ်ပြက်အေးစက်လာတယ်။

ဇာ့ဂ်တွေအတွက် မျက်ရည်နှင့်ငိုကြွေးခြင်းကို နားလည်ရန် ခက်ခဲသော်လည်းဘဲ ကမ်ပါလီယာနားမှာ လူသားတို့၏ခံစားချက်ကို အတုယူတတ်သည့်လက်ထောက်တစ်ယောက်ရှိတယ်။ဒါ့ကြောင့် ကမ်ပါလီယာသည် အခြားမျိုးနွယ်တွေအတွက် ငိုကြွေးခြင်းသည် ဝမ်းနည်းမှုလက္ခဏာတစ်ခုဖြစ်ကြောင်း နားလည်တယ်။သူတို့က တစ်စုံတစ်ခုကြောင့် နာကျင်ခံစားရတဲ့အချိန်မှာ ငိုကြွေးကြတယ်။

"မင်းကို ဘာကဝမ်းနည်းစေတာလဲ?"ကမ်ပါလီယာက ဆက်သွယ်ရေးမျက်နှာပြင်ပေါ်က လူငယ်လေးကို စိုက်ကြည့်ရင်း အေးခဲလုနီးပါးအေးစက်နေတဲ့လေသံနှင့်မေးလိုက်တယ်။

သူမ၏ချွန်ထက်တဲ့ဓားသဏ္ဍာန်ဘယ်လက်သည် အစည်းအဝေးခန်း၏ကြမ်းပြင်ကို နက်ရှိုင်းတဲ့အက်ကြောင်းတစ်ခုကို ဆွဲနေတယ်။အကယ်၍ပျက်စီးနေတဲ့အစည်းအဝေးခန်းကို မမြင်ရရင် အခြားသူတွေက ကမ်ပါလီယာ၏အမူအရာကိုကြည့်ပြီး သူမက အလွန်တည်ငြိမ်နေသေးတယ်ဟု ထင်လိမ့်မည်။

ဝမ်းနည်းတာလား?ကုဟိုင်က ကြောင်အသွားတယ်။ခဏလောက်ကြာသည်အထိ သူက တစ်ဖက်လူက ဘာကြောင့် ဒီလိုအတွေးရသွားမှန်းနားမလည်ခဲ့ဘူး။

ကုဟိုင်က ချက်ချင်းမတုံ့ပြန်ပေမဲ့ တစ်ဖက်မှဇာ့ဂ်အမက တိတ်ဆိတ်စွာစောင့်ဆိုင်းနေတယ်။စက္ကန့်အနည်းငယ်လောက်ကြာပြီးမှ ကုဟိုင်က ဒါက သူ့မျက်လုံးတွေကို ပွတ်လိုက်တာကြောင့်ဆိုတာ နားလည်လိုက်ပြီး အမြန်ရှင်းပြလိုက်တယ် "မဟုတ်ဘူး..ငါ ဝမ်းမနည်းပါဘူး။ငါ အခုနည်းနည်းအိပ်ချင်နေတာ"

ဝိညာဉ်ရေးရာချိတ်ဆက်မှုတစ်ခုတည်ဆောက်ခြင်းသည် စိတ်စွမ်းအင်ကို အလွန်အားနည်းသွားစေပြီး ကုဟိုင်၏စိတ်စွမ်းအင်သည် ကလေးအဆင့်သာရှိသေးပြီး သူ့စိတ်စွမ်းအင်ကို ဖြုန်းတီးရန် မတတ်နိုင်ပေ။

Zergဘုရင်လေးWhere stories live. Discover now