174 48 0
                                    

အခန်း(၈.၁)

တာ့ခ်ဇာ့ဂ်တွေ ဂူထဲကထွက်လာတာနှင့် ကုဟိုင်သည် ဒီတာ့ခ်တွေရဲ့ဝမ်းနည်းမှုက လုံးဝပျောက်ကွယ်သွားပြီး ပျော်ရွှင်မှုကအစားထိုးလိုက်တာကို ခံစားမိသည်။

ဒီခံစားချက်အပြောင်းအလဲကြောင့် ကုဟိုင်သည် တာ့ခ်တွေ၏ဝမ်းနည်းတဲ့ခံစားချက်သည် ဒီကမ္ဘာမှထွက်ခွာရခြင်းကြောင့်မဟုတ်ဘဲ သူ့အတွက်ဆိုတာ နားလည်လိုက်တယ်။သူတို့က သူ့ကိုခွဲခွာရန် ဆန္ဒမရှိတာဟု ကုဟိုင်က ရှင်းရှင်းလေးသာတွေးလိုက်တယ်။အခု ဒီဆုံးဖြတ်ချက်ရလဒ်ကြောင့် သူ့မျက်လုံးတွေက လျှင်မြန်စွာတစ်ဖန်ကွေးသွားပြန်တယ်။

အခု သူတို့ဒီဂြိုဟ်ကနေ ထွက်သွားတော့မှာဖြစ်တာကြောင့် တာ့ခ်တွေက ချက်ချင်းဘဲ သူတို့ဖွက်ထားတဲ့အသီးတွေနှင့် လူငယ်လေး သူတို့အတွက် လုပ်ပေးထားတဲ့ထီးကိုတွေးမိတယ်။သူတို့က ချက်ချင်းဘဲ ထွက်ခွာဖို့အဆင်သင့်ဖြစ်နေတဲ့ဂူထဲကို ပြန်ဝင်သွားတယ်။

သို့သော်လည်း သူတို့က လူငယ်လေးနားလည်မှုလွှဲမှာကို ကြောက်နေတယ်။တာ့ခ်ဇာ့ဂ်တွေက ၎င်းတို့၏အမြင့်ဆုံးအမြန်နှုန်းကို အလိုအလျောက်အသုံးပြုကာ စက္ကန့်အနည်းငယ်အတွင်း အသွားအပြန်လုပ်ငန်းစဉ်ကို ပြီးမြောက်စေတယ်။

ကုဟိုင်က တာ့ခ်ဇာ့ဂ်တွေက ဂူထဲကပစ္စည်းတွေကို ယူလာတာကိုမြင်တော့ သူ့ကိုသယ်လာတဲ့တာ့ခ်ရဲ့ပခုံးကို ပုတ်လိုက်ပြီး နွေးထွေးစွာပြောလိုက်တယ် "အသီးတွေက မကောင်းတော့ဘူး။ဒါတွေကို စားလို့မရတော့ဘူး။မင်းတို့ ထီးကိုလည်းထားခဲ့လို့ရတယ်။ငါတို့ ဒီဂြိုဟ်ကနေ ထွက်သွားတဲ့အခါကျရင် မင်းတို့ဒါတွေကို မလိုတော့ဘူး"

ကြယ်တာရာခေတ်တွင် မိုးဒဏ်ကာကွယ်ပေးနိုင်မည့် ပိုကောင်းတဲ့ပစ္စည်းကိရိယာတွေရှိရမည်။ဒီထီးတွေက မိုးဒဏ်ကို ယာယီဟန့်တားနိုင်ပေမဲ့ ကြည့်မကောင်းဘူး။ကုဟိုင်က ဒီပစ္စည်းတွေကို ထီးပုံသဏ္ဍာန်နှင့်တူအောင် သူ့စွမ်းရည်ကို အသုံးပြုပြီးပြောင်းလဲထားတာဖြစ်ပြီး လက်တွေ့နှင့်ကွာဟချက်တွေရှိတယ်။

ကုဟိုင်၏စကားတွေကိုကြားတော့ ဒီတာ့ခ်က ရှားရှားပါးပါးခေါင်းမာတဲ့အရိပ်အယောင်ကို ပြတယ်။ပထမဆုံးအကြိမ် သူတို့က နာခံရန် မရွေးချယ်ခဲ့ဘူး။သူတို့က အသီးတွေနှင့်ထီးတွေကို အတူတကွယူဆောင်လာတယ်။အသီးတွေက တကယ်ကိုမကောင်းတော့ဘူး။မိုးကိုဟန့်တားပေးတဲ့ကိရိယာက လူငယ်လေးက သူတို့ကို ပေးထားတာဖြစ်တာကြောင့် သူတို့ဂြိုဟ်အသစ်ကိုရောက်တဲ့အခါ ထပ်မံပြီးဝှက်ထားမှာဖြစ်တယ်။

Zergဘုရင်လေးWhere stories live. Discover now