၁၄

60 6 3
                                    

အခန်း(၁၄)

တူဆာကောင်စီ၏ဆုံးဖြတ်ချက်အောက်မှာ ကုဟိုင်ကို တူဆာကို ခေါ်ဆောင်လာခဲ့တဲ့သတင်းဟာ တူဆာကတစ်ဆင့်ပြန့်သွားတယ်။ပြောရရင် ဒီသတင်းက တူဆာသာမဟုတ်ဘူး။ဒါက အခြားဂြိုဟ်တွေပေါ်မှာတည်ရှိသည့် ပထမတပ်မတော်တစ်ခုလုံးဖြစ်တယ်။ဇာ့ဂ်စစ်သားတွေက ဒီသတင်းကိုကြားတော့ တူဆာကို အပြေးပြန်လာချင်ကြတယ်။

ဒီအချိန်တိုလေးအတွင်းမှာ တူဆာလေဆိပ်သည် မကြုံစဖူးစိတ်လှုပ်ရှားဖွယ်အခြေအနေကို ရောက်ရှိနေတယ်။ယုလုစစ်သင်္ဘောအစုလိုက်အပြုံလိုက် ရောက်ရှိနေပြီး ကြီးမားသည့်လေဆိပ်ကတောင် အနည်းငယ်ပြည့်ကျပ်နေတယ်။

ဇာ့ဂ်တွေ၏သိသာထင်ရှားသောလှုပ်ရှားမှုသည် အခြားသောကြယ်တာရာမျိုးနွယ်စု အများအပြား၏အာရုံကို ဆွဲဆောင်နေတယ်။ဇာ့ဂ်တွေပိုင်တဲ့ဂလက်စီအများစုကို တက်ကြွစွာ ချဉ်းကပ်သည့်မျိုးနွယ်စုမရှိသော်လည်းဘဲ ဒါက သူတို့က ဇာ့ဂ်တွေ၏လှုပ်ရှားမှုကို အာရုံမစိုက်နေဘူးဟု မဆိုလိုဘူး။

ဘာကြောင့်များ များပြားလှတဲ့စစ်သင်္ဘောတွေက တူဆာမှာစုရုံးနေတာလဲ?ပထမတပ်မတော်က မျိုးနွယ်တစ်စုနှင့် စစ်တိုက်ရန် ကြိုတင်ပြင်ဆင်နေတာလား?ဒီလိုပြောင်းလဲမှုက ပဟေဠိဖြစ်စရာကောင်းပြီး ဇာ့ဂ်တပ်မတော်က ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ သိတဲ့မျိုးနွယ်တွေ၏ နိုးကြားမှုကို မြင့်တက်စေတယ်။

တကယ်တော့ ဒီဇာ့ဂ်စစ်သားတွေက သူတို့ဘုရင်ကိုတွေ့ဖို့ရာ မစောင့်နိုင်တာကြောင့် တူဆာကို အပြေးလာကြတာဖြစ်တယ်။သူတို့ တူဆာကို လာခဲ့ရတာက သူတို့ဘုရင်နှင့် တူညီသည့်ဂြိုဟ်တစ်ခုတည်းတွင် နေထိုင်နိုင်ဖို့ မျှော်လင့်နေတာကြောင့်ဖြစ်တယ်။

"အရင်ကမှတ်တမ်းတင်ထားတဲ့ဗီဒီယိုကို စစ်သားတွေရဲ့တာမီနယ်မှာ ပြသဖို့ ခွင့်ပြုပေးနိုင်ပါမလား...အရှင်"

ကုဟိုင်၏ဘေးမှာရပ်နေတဲ့ စစ်ဦးစီးချုပ်က မေးလိုက်တယ် "ကျွန်တော်တို့အားလုံးက အရှင့်ကိုမြင်ချင်နေကြပြီး အမြန်ဆုံးနည်းလမ်းက ဗီဒီယိုဖွင့်လိုက်တာဘဲ"

Zergဘုရင်လေးWhere stories live. Discover now