၈.၂

160 44 0
                                    

အခန်း(၈.၂)

ကုဟိုင်၏စကားတွေက ယုလုစစ်သင်္ဘော၏မိုးပြာရောင်အလင်းကို တစ်ဖန်တောက်ပလာစေပြန်တယ်။တာ့ခ်ဇာ့ဂ်က ကုဟိုင်ကို အခန်းငယ်လေး၏တံခါးမှတစ်ဆင့် သယ်ဆောင်သွားတဲ့အခါ သင်္ဘော၏အလင်းရောင်တွေသည် ပုံမှန်အတိုင်း တဖျက်ဖျက်လက်လာတယ်။ဒီအချိန်မှာ ယုလု၏ပျော်ရွှင်မှုကို တွေ့နိုင်တယ်။

မကြာမီစစ်သားတွေလည်း စစ်သင်္ဘောအတွင်းကို ဝင်သွားတယ်။အဲလ်ဗတ်စ်၏အသိအမှတ်ပြုမှုအောက်တွင် ကုဟိုင်သည် ယုလုစစ်သင်္ဘောပေါ်တွင် အမြင့်မားဆုံးအခွင့်အာဏာကို အလိုအလျောက်ရရှိခဲ့ပြီး ငွေရောင်ဆံပင်နှင့်ဇာ့ဂ်က စစ်သင်္ဘောပေါ်ရှိကြီးကြပ်ခန်းကို ပို့ဆောင်ပေးခဲ့တယ်။

"ခေါင်းဆောင် အခုကျွန်တော်တို့ ဘယ်ဂြိုဟ်ကို သွားနေတာလဲ?"အဲလ်ဂျာက မေးမြန်းလိုက်ပေမဲ့ သူ့မျက်လုံးတွေကတော့ အနက်ရောင်ဆံပင်နှင့်လူငယ်လေးထံကနေ အကြည့်မလွှဲသွားဘူး။

"အရှင်မင်းကြီးလည်းရှိနေတော့ ကျွန်တော်တို့က အရင်ဆုံးအခြေချဖို့ ပိုကောင်းတဲ့ဂြိုဟ်ကို ရှာသင့်ပါတယ်"

"တူဆာကို ပြန်မယ်"အဲလ်ဗတ်စ်က ရှင်းရှင်းသာပြောခဲ့တယ်။

တူဆာသည် ဇာ့ဂ်ပထမတပ်မတော်၏မြို့တော်ဖြစ်ပြီး ဇာ့ဂ်တွေအတွက် အမာခံနယ်မြေတစ်ခုဖြစ်တယ်။တူဆာတည်ရှိရာကြယ်ဝန်းကျင်တွင် အခြားသောမျိုးနွယ်စုတွေ၏ကြယ်သင်္ဘောအစုအနည်းငယ်သာရှိတယ်။တကယ်လို့ သူတို့က ကုန်သွယ်ရန် တူဆာကိုဖြတ်သန်းရန် လိုအပ်ချက်ကြောင့်သာမဟုတ်ရင် ဒီကြယ်သင်္ဘောတွေက ဇာ့ဂ်တွေရဲ့ယုလုနှင့် မတော်တဆဝင်တိုက်မိမှာစိုးတာကြောင့် လမ်းလွှဲသွားရန် ရွေးချယ်မည်ဖြစ်တယ်။

ဒီဖြေကြားမှုက အဲလ်ဂျာ၏မျက်ဝန်းတွေကို တောက်ပသွားစေတယ်။အဲလ်ဂျာက တကယ်ကိုဘဲ တူဆာကို ပြန်သွားချင်ပေမဲ့ သူက တိုက်ရိုက်မပြောရဲဘူး။သူက စကားပရိယာယ်ဖြင့် အရိပ်အမြွက်ကိုသာ ပြောနိုင်ပေမဲ့ သူ့ဆန္ဒအတိုင်းဖြစ်မြှောက်လာဖို့ မမျှော်လင့်ထားပေ။သူတို့ခေါင်းဆောင်က ပထမတပ်မတော်၏ခေါင်းဆောင်ဖြစ်သော်လည်းဘဲ သူတို့ခေါင်းဆောင်က မြို့တော်မှာနေတဲ့အချိန် အလွန်ကိုနည်းပါးတယ်။သူက တူဆာမှာနေထိုင်တဲ့အစိုးရအဖွဲ့ပေါ်မှာ အရာရာပုံချထားတယ်။အဲလ်ဂျာက သူတို့ခေါင်းဆောင်က တူဆာက ဘာနဲ့တူလဲဆိုတာကိုတောင် မှတ်မိသေးရဲ့လား သံသယဖြစ်မိသည်။

Zergဘုရင်လေးWhere stories live. Discover now