၉.၂

152 44 0
                                    

အခန်း(၉.၂)

သူတို့၏ဘုရင်က သင်္ဘောပေါ်မှာရှိနေတာကြောင့် ယုလုသင်္ဘောက မထင်မှတ်ထားတဲ့အရှိန်ဖြင့် မောင်းနှင်နေတယ်။၎င်း၏အာကာသခုန်ကူးနှုန်းက အမြင့်ဆုံးအကွာအဝေးထက် နှစ်ဆပိုများတယ်။ဒီနှုန်းဖြင့် သူတို့က တူဆာကိုရောက်ရန် ရက်အနည်းငယ်သာကြာမည်ဖြစ်တယ်။

ဒီရက်အနည်းငယ်အတွင်းမှာ ကုဟိုင်သည် ယုလုစစ်သင်္ဘောတစ်ခုလုံးကို လှည့်ပတ်သွားလာခဲ့တယ်။သူ့မှာအမြင့်ဆုံးအာဏာရှိတာကြောင့် သင်္ဘောရဲ့အစိတ်အပိုင်းတိုင်းကို သူ့အတွက်ဖွင့်ထားပြီး သူသွားချင်တဲ့ ဘယ်နေရာကိုမဆိုသွားနိုင်တယ်။ကုဟိုင်က သင်္ဘောပေါ်မှာလှည့်ပတ်လျှောက်ရင်း မကြာခဏဆိုသလို ယုလုသင်္ဘော၏အသံ "ကာဒါ ကာဒါ"ကိုကြားနေပြီး ယုလုသင်္ဘောက သူလှည့်ပတ်လျှောက်ရန်ဆန္ဒရှိနေတာကို ဝမ်းသာနေသကဲ့သို့ပင်။

သို့သော်လည်းဘဲ ကုဟိုင်က စိတ်ဝင်စားမှုကြောင့် လှည့်ပတ်လျှောက်နေတာတော့မဟုတ်ဘူး။သူက တစ်စုံတစ်ယောက်ကို ရှာနေတာကြောင့်ဖြစ်တယ်။

"မင်းတို့ခေါင်းဆောင် ဘယ်မှာလဲ?"စစ်သင်္ဘော ရွှက်လွှင့်သည့်နေ့ကတည်းက ကုဟိုင်သည် ကြီးကြပ်ခန်းမှာထိုင်ပြီးအမိန့်ပေးနေရမည့်ငွေရောင်ဆံပင်နှင့်ဇာ့ဂ်ကို မတွေ့ခဲ့ဘူး။ထို့ကြောင့် ကုဟိုင်ဟာ ဇဝေဇဝါအမူအရာနှင့်အဲလ်ဂျာကို အကူအညီမဲ့စွာ ရှာရုံသာရှိတယ်။

ဒီမေးခွန်းက အဲလ်ဂျာအတွက် ခက်ခဲတယ်။သူက လူငယ်လေးကို ဦးညွှတ်ပြီး ပြန်ဖြေလိုက်တယ် "ဒီလက်အောက်ငယ်သား မသိပါဘူး"

သူ တကယ်ကိုမသိတာဖြစ်ပြီး တမင်ဖုံးကွယ်ထားတာ မဟုတ်ဘူး။

အဲလ်ဂျာက ထပ်ပေါင်းပြောလိုက်တယ် "သူသာမပြချင်ရင် တစ်ယောက်မှ သူဘယ်မှာလဲဆိုတာ မသိနိုင်ဘူး"

ဒီအဖြေက ကုဟိုင်၏ခေါင်းထဲကို နောက်ထပ်မေးခွန်းသုံးခုတိုးလာစေတယ်။သူက ရှင်းပြနေတဲ့ အဲလ်ဂျာကို မော့ကြည့်လိုက်တယ်။

"အရှင်အဲလ်ဗတ်က လိုင်နိုဇာ့ဂ်မျိုးစိတ် ဇာ့ဂ်တစ်ယောက်ပါ။လိုင်နိုဇာ့ဂ်တွေက အများအားဖြင့် လုပ်ကြံသတ်ဖြတ်ရာမှာအရမ်းကိုတော်ကြတယ်။သူတို့ရဲ့ပုန်းကွယ်နိုင်စွမ်းက သဘာဝအတိုင်း အကောင်းဆုံးဖြစ်ပြီး ခေါင်းဆောင်က အစွမ်းထက်ဆုံးတစ်ယောက်ပါ"

Zergဘုရင်လေးWhere stories live. Discover now