၁၁.၃

154 25 0
                                    

အခန်း(၁၁.၃)

ကုဟိုင်သည် သူ့ရှေ့မှ ငွေရောင်ဆံပင်နှင့်ဇာ့ဂ်ကို ခါးပတ်ပတ်ဖို့ကူညီပေးခဲ့ပြီး မလွှဲသာမရှောင်သာ ပွေ့ဖက်သည့်ပုံစံဖြင့်လုပ်ဆောင်ခဲ့ရတယ်။သို့သော် ဒါက ခဏမျှသာဖြစ်တယ်။အဲလ်ဗတ်က နှုတ်ဆိတ်နေသော်လည်း လူငယ်လေး သူ့အနားကိုချဉ်းကပ်လာတဲ့အခါ သူ့နောက်မှငွေခိုးရောင်အမြီးက စက္ကန့်ပိုင်းမျှတောင့်တင်းနေပုံရတယ်။

"ပြီးပြီ"ကုဟိုင်သည် နောက်တစ်လှမ်းဆုတ်ကာ သူ့ကုန်ချောကိုကြည့်ပြီး စိတ်ကျေနပ်စွာဖြင့် မျက်ခုံးပင့်လိုက်တယ်။ထို့နောက် သူက ငွေခိုးရောင်အမြီးကို သတိပြုမိပြီး ရုတ်တရက် ထူးဆန်းတဲ့အတွေးတစ်ခုဝင်လာတယ်။အဲလ်ဗတ်က သူ့အမြီးက ကိုယ်လုံးတီးဖြစ်နေတဲ့ချိန်မှာ အေးနေလောက်လား?

သူနှင့်အတူလိုက်ပါလာတဲ့တာ့ခ်တွေက အဝတ်အစားဝတ်ဆင်ခြင်းမရှိပေမဲ့ ၎င်းတို့က ရှေးအကျဆုံးပုံစံဖြစ်တာကြောင့် ၎င်းတို့၏ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်စွမ်းမှာ လူသားဆန်သောပုံစံထက် အနည်းငယ်ပို၍ပြင်းထန်တယ်။သူ့ရှေ့က ငွေရောင်ဆံပင်နှင့်ဇာ့ဂ်သည် လူသားဆန်သောပုံစံရှိသော်လည်း သူ့အမြီးက ဖုံးကာထားခြင်းမရှိတာကြောင့် အေးစက်သည့်လေနှင့်ထိတွေ့နေတယ်။ဒါ့ကြောင့် ကုဟိုင်က ထိုသို့သောအတွေးမျိုးတွေးမိတာဖြစ်တယ်။

ဒီအတွေးက သူ့စိတ်ထဲရောက်လာတာနှင့် ကုဟိုင်က မမျှော်လင့်ဘဲ တိုက်ရိုက်ထုတ်မေးမိတယ်။

တစ်ကယ်ကို ဘယ်ဟုတ်မလဲ..

မဝေးတဲ့နေရာမှာရှိနေတဲ့ လီယိုက သူ့ခေါင်းဆောင်အတွက် ဖြေပေးဖို့ကြိုးစားလိုက်ပေမဲ့ တစ်ဖက်လူ၏တုံ့ပြန်သံကို ကြားလိုက်ရတယ်။

"အမ်"အသံက တိုးညင်းပြီး အဲလ်ဗတ်က ခေါင်းမငြိမ့်ခဲ့သလို ခေါင်းလည်းမခါခဲ့ဘူး။

ကုဟိုင်က အလိုအလျောက်ဘဲ အပြုသဘောဆောင်တဲ့တုံ့ပြန်ချက်မှန်း နားလည်လိုက်တယ်။သူက တစ်ဖက်လူ၏ဂျာကင်ကို အရင်ငှားခဲ့တာကို တွေးပြီး ဘောင်းဘီအိတ်ကပ်ထဲမှာ ထည့်ထားတဲ့သူ့လက်ကို ထုတ်ပြီး ကပ်ထားလိုက်တယ်။လက်နှစ်ဖက်စလုံးကို တစ်ဖက်လူ၏အေးစက်တဲ့အမြီးပေါ်တင်လိုက်တယ်။

Zergဘုရင်လေးWhere stories live. Discover now