၁၄.၂

63 9 0
                                    

အခန်း(၁၄.၂)

အဲလ်ဗတ်က ဘာမှမပြောပေမဲ့ သူက ကုဟိုင်ပြောတဲ့စကားလုံးတွေကို ချမှတ်ထားပြီး ကုဟိုင်ကို နေအိမ်ကို ပြန်ပို့ပြီးနောက်မှာ သူက သူ့လက်ထောက်နှင့်စကားပြောခဲ့တယ်။

"တူဆာအနီးမှာရှိတဲ့ဘယ်ဂြိုဟ်ပေါ်မှာ ပန်းတွေကို တွေ့နိုင်သလဲ?"အဲလ်ဗတ်က အမူအရာကင်းမဲ့စွာမေးလိုက်တယ်။

အဲလ်ဂျာက ခေါင်းဆောင်က ရုတ်တရက် ပန်းတွေအကြောင်း ဘာကြောင့်မေးတာလဲ နားမလည်တာကြောင့် မတုံ့ပြန်နိုင်ဘူး။ကံကောင်းစွာနဲ့ဘဲ ဒီမေးခွန်းက အဲလ်ဂျာအတွက် ခက်ခဲတာမဟုတ်ဘူး။သူက ပြန်ဖြေလိုက်တယ် "မကြာသေးခင်က အနီးအနားကဂလက်စီထဲက နွန်းပေါ်မှာရှာတွေ့နိုင်တယ်။နေထိုင်နိုင်တဲ့ဂြိုဟ်အများစုက တူဆာထက်ကို မြေဆီလွှာပိုကောင်းတယ်"

"ငါနဲ့လိုက်ခဲ့"အဲလ်ဗတ်က ထရပ်ပြီး အပြင်ကိုထွက်သွားလိုက်တယ်။

အဲလ်ဂျာဟာ မေးခွန်းအမှတ်အသားတွေပြည့်နေပေမဲ့ ခေါင်းဆောင်၏အမိန့်ကိုနာခံတယ်။သူက နောက်ကလိုက်ရုံသာရှိတယ်။ယုလုစစ်သင်္ဘောကို အသုံးပြုပြီး တူဆာကနေ နွန်းကိုသွားမယ်ဆိုရင် တစ်နာရီ နှစ်နာရီလောက်သာကြာတယ်။အဲလ်ဂျာက သူ့တာဝန်က ခေါင်းဆောင်၏မျက်လုံးအဖြစ်လုပ်ဆောင်ရန်ဆိုတာ တွေ့ရှိခဲ့တယ်။သူက အဲလ်ဗတ်ကို ပန်းပင်များစွာပေါက်ရောက်ရာနေရာကို ခေါ်ဆောင်သွားပြီးတော့ အဲလ်ဗတ်မေးတာကို ကြားလိုက်ရတယ် "ဘယ်တစ်ခုက အဖြူရောင်လဲ?"

အဲလ်ဂျာက ၎င်းတို့ကို တာဝန်ကျေစွာထောက်ပြခဲ့တယ်။အဲလ်ဗတ်က ပန်းတွေ၏အသေးစိတ်ပုံစံနှင့်အရောင်ကို မမြင်နိုင်ပေမဲ့ သူ့လက်ထောက်ညွှန်ပြလိုက်တာနှင့် အဲလ်ဗတ်က ၎င်းကို ရှင်းလင်းစွာရိပ်မိတယ်။သူက သူ့လက်နှင့်၎င်းကို ဆွဲယူလိုက်တယ်။

လျှပ်တစ်ပြက်....

နုနယ်တဲ့ပန်းပွင့်ပင်စည်က အဲလ်ဗတ်ရဲ့လက်ထဲမှာ လုံးဝကျိုးသွားပြီး ရုတ်တရက် ကြေမွသွားတယ်။ရှင်းလင်းတဲ့ကြေမွသွားသံက အဲလ်ဗတ်၏လှုပ်ရှားမှုကို ရပ်တန့်သွားစေပြီး သူက အမူအရာကင်းမဲ့စွာ ပန်းပွင့်ကို မြေကြီးပေါ်ကိုပစ်ချလိုက်တယ်။

Zergဘုရင်လေးWhere stories live. Discover now