အခန်း(၄.၃)

226 76 1
                                    

အခန်း(၄.၃)

ဇာ့ဂ်တစ်ယောက်အနေနှင့် ကုဟိုင်၏အခြေအနသည် အလွန်ထူးခြားတယ်။သူက မျိုးဥထဲတွင် ဆယ်စုနှစ်များစွာ နေခဲ့ရပြီး သူ့ခန္ဓာကိုယ်က အရွယ်ရောက်ပြီးလူသားပုံစံကို ရောက်နေပြီဖြစ်သော်လည်းဘဲ သူ့ရဲ့စိတ်စွမ်းအင်ကတော့ ကလေးအဆင့်သာရှိတယ်။

ကျယ်ပြန့်တဲ့ဝိညာဉ်ရေးရာချိတ်ဆက်မှုများကို တည်ဆောက်ခြင်း သို့မဟုတ် သူ့စွမ်းအင်ကိုအသုံးပြုတာမျိုးက သူ့ကိုအိပ်ပျော်သွားစေလိမ့်မယ်။

ကုဟိုင်အိပ်ပျော်သွားသကဲ့သို့ဘဲ တစ်ဖက်မှာတော့ ကြယ်စုတွေ၏တိုက်ပွဲက ဆန်တာဂလက်စီမှာ အဆုံးသတ်သွားသည်။

ဒီဂလက်စီကို စိုးမိုးတဲ့ဆာ့ချီခ်တွေသည် ကြယ်တာရာကမ္ဘာအတွင်းမှာ တစ်ဦးချင်းအကောင်းဆုံးတိုက်ခိုက်ရေးပြိုင်ပွဲတွေအဖြစ် အသိအမှတ်ပြုခံရတယ်။သို့သော်လည်းဘဲ အခုချိန်မှာတော့ ဆာ့ချီခ်စစ်သားတွေသည် မြေပြင်မှာလဲလျောင်းနေသည်။သူတို့က ရန်သူတစ်ဦးတည်းကိုသာ ရင်ဆိုင်ခဲ့ရတာဖြစ်တယ်။

စစ်ပွဲအလည်ဗဟိုမှလူက ဇာ့ဂ်တစ်ယောက်ဖြစ်ပြီး အဆင့်မြင့်ဇာ့ဂ်တစ်ယောက်ဖြစ်ကြောင်းခွဲခြားရန် လွယ်ကူလွန်းသည်။

အဆင့်မြင့်ဇာ့ဂ်တွေက လူသားတွေနှင့်ပုံသဏ္ဌာန်ဆင်တူပေမဲ့ သူတို့မှာ ဒေါင်လိုက်မျက်စံတွေရှိပြီး အချို့သောဇာ့ဂ်ကြင်အင်လက္ခဏာတွေကို ထိန်းသိမ်းထားသည်။

စစ်ပွဲအလည်မှာရှိနေတဲ့ အဆင့်မြင့်ဇာ့ဂ်သည် ခံစားမှုအမူအရာကင်းမဲ့နေတယ်။အနက်ရောင်မျက်လုံးစည်းတစ်ခုကို စည်းထားပြီး သူ့မျက်လုံးတွေကို ဖုံးကွယ်ထားတာကြောင့် သူ့မျက်လုံးထဲက ခံစားချက်တွေကို မမြင်နိုင်တာကြောင့် သူ့စိတ်အခြေအနေကို ခွဲခြားရန်ခက်ခဲတယ်။

သူ့မျက်လုံးတွေကို စည်းထားပေမဲ့ အခြားသောသွင်ပြင်လက္ခဏာတွေကို အခြေခံပြီး ဒီအဆင့်မြင့်သည် ထူးခြားသည့်အလှရှိသည်မှာ သေချာသည်။သူ့ကိုကြည့်ရတာ ခံစားချက်ကင်းမဲ့နေမှုကြောင့် အလွန်အေးစက်နေသည်။

စစ်ပွဲက အခုလေးတင်အဆုံးသွားတာဖြစ်ပေမဲ့ စစ်သွေးကြွတဲ့စိတ်အခြေအနေကို အဲလ်ဗတ်ရဲ့နှလုံးသားထဲကနေ မဖယ်ရှားနိုင်သေးဘူး။သူက စစ်မြေပြင်ပတ်ဝန်းကျင်ကို ဂရုမစိုက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် သည်းမခံနိုင်တဲ့အကြည့်တစ်ချက်နှင့် သူ့အမြီးပေါ်က သွေးတွေကိုခါချလိုက်သည်။

Zergဘုရင်လေးWhere stories live. Discover now