Chapter 1.1

4.5K 175 1
                                    

Chapter 1.1
မင်းကဂေးလား

ချိန်းထားသည့်အချိန်ရောက်ရန် ဆယ့်ငါးမိနစ်ခန့်လိုနေသေးသည်။

ရုန်ယီ ခေါင်းကိုလှည့်လိုက်ပြီးသူ့နံဘေးမှဆိုင်၏မှန်အကာကိုကြည့်လိုက်သည်၊မှန်ပေါ်မှသူ့ပုံရိပ်ကိုပြီးပြည့်စုံစေရန် ဆံပင်နှင့်အဝတ်အစားကိုနှစ်ခါခန့်ပြုပြင်ပြီးသူအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်၏။

စိတ်မလှုပ်ရှားနဲ့...ငြိမ်အောင်ထိန်းစမ်း...

သူ့စိတ်ထဲတွင်အသံတိတ်အော်ဟစ်လိုက်သည့်တိုင် ဆန့်ကျင်ဘက်သက်ရောက်မှုက ဂဏာမငြိမ်သောသူ့နှလုံးခုန်နှုန်းကိုပိုတိုးလာစေသည်။

သူ့စိတ်တင်းကျပ်နေသည်ကိုပိုပြေလျော့စေရန် မသိစိတ်အရသူ့လက်နှစ်ဖက်ကိုအရှေ့တွင်ထားကာ ပွတ်သပ်လိုက်သည်။ သို့သော် သူချက်ချင်းနားလည်လိုက်သည်မှာ ၎င်းအပြုအမူကခေတ်နောက်ကျလွန်းသည်။ သူစောင့်နေသည့်လူကသာ ရုတ်တရက်မြင်သွားပါက သူအမှတ်လျှော့ခံရလိမ့်မည်။

ရုန်ယီ သူ့လက်များကိုခပ်မြန်မြန်ပြန်ချလိုက်သည်။

သူအချိန်ကိုကြည့်ရန်နောက်တစ်ကြိမ် ဖုန်းကိုပြန်ထုတ်သည်။

ချိန်းထားသည့်အချိန်ရောက်ရန်ဆယ့်လေးမိနစ်သာလိုတော့သည်။

"တစ်ချက်လောက်"

ရုန်ယီ တစ်ဖက်ကိုလှည့်ကြည့်လိုက်သည်။သူ့ကိုစကားလာပြောသည်က တစ်ခါမှမမြင်ဖူးသည့်ကောင်လေးတစ်ယောက်။

"ကျွန်တော်ဘက်စ်ကားစီးမလို့ပါ..ဒါပေမဲ့...ကျွန်တော်ကတ်ယူလာဖို့မေ့သွားလို့ပါ.."

ကောင်လေးကအနည်းငယ်ရှက်နေပုံရသည်။

"ကျွန်တော်...ခင်ဗျားဆီကအကြွေနည်းနည်းချေးလို့ရမလား...ကျွန်တော် WeChat ကနေချက်ချင်းပိုက်ဆံပြန်ပေးပါ့မယ်"

ကောင်လေးမျက်နှာကစိတ်လှုပ်ရှားမှုကြောင့်နီရဲနေပြီး အနည်းငယ်ရှက်နေပုံလည်းရသည်။

"စိတ်မကောင်းပါဘူး"

ရုန်ယီအားနာစွာနှင့်ပြုံးပြလိုက်သည်။

Mr.Rong's ချစ်မှုရေးရာ ဒိုင်ယာရီWhere stories live. Discover now