Chapter 62

470 74 2
                                    


Chapter 62

အကြမ်းပတမ်းကြင်နာမှုနဲ့ ကြာရှည်တဲ့အနမ်း





ဖုန်းကိုင်ပြီးနှုတ်ဆက်ဆက်ချင်း သူ၏နားစည်အိမ်ကိုပွင့်ထွက်သွားစေလောက်သည့် အမျိုးသမီးကျန်း၏တစ်ဖက်မှအော်ဟစ်သံထွက်ပေါ်လာသည်။





"ဝန်ခံလိုက်စမ်း! နင်နဲ့ငါတို့မော့မော့နဲ့ကဘယ်လိုပတ်သတ်ကြတာလဲ!နင် VIP လက်မှတ်ရလာတာမထူးဆန်းတော့ဘူး! ဘုရားရေ! နင်ဘယ်လိုလုပ်!"





ရုန်ယီသည် ချက်ချင်းပင်မျက်မှောင်ကြုတ်မိပြီးဖုန်းကိုအဝေးတွင်ထားကာ သူမအော်ဟစ်ပြီးသည်အထိစောင့်ပြီးဖုန်းကိုသူ့နားပြန်ကပ်လိုက်သည်။





"ဘာဖြစ်တာလဲဟ?"





"အမြန် အမှန်အတိုင်းပြောစမ်းပါ"





မစ္စ်ကျန်း၏အသံက အသည်းအသန်ဖြစ်နေပြီးထူးဆန်းစွာဖြင့်စိတ်လှုပ်ရှားနေပုံရသည်။





"နင်ကတကယ်မော့မော့ရဲ့နောက်ကွယ်ကကောင်လေးလား?"





ရုန်ယီသည်ထိတ်လန့်သွားပြီး ငြိမ်နေသည့်ချန်းခယ့်ယောင်၏ဖုန်းအနားကပ်လာကာတိတ်တိတ်လေးနားထောင်နေရာမှ အော်လိုက်သည့်အခါ ငြင်းချက်ထုတ်ရန်အချိန်မရှိတော့ပေ။





"အဓိပ္ပါယ်မရှိတာတွေ!"





နှစ်စက္ကန့်ခန့်တိတ်ဆိတ်သွားသည်။ တစ်ဖက်မှမစ္စကျန်းသည်အလောတကြီးဖြင့်မေးလာ၏။





"ဘယ်သူပြောနေတာလဲ"





ရုန်ယီသည် တုန့်ဆိုင်းနေပြီးကြည့်ရဆိုးနေသောချန်းခယ့်ယောင်ကိုအမြန်တစ်ချက်ကြည့်လိုက်သည်။





"အခုပြောလိုက်တာငါ့ကောင်လေး"





၎င်းကိုကြားလိုက်သည့်အခါ အခုလေးတင်စိတ်ဆိုးနေသည့်ချန်းခယ့်ယောင်က အနီးမှဆိုဖာတွင်နာခံမှုအပြည့်ဖြင့်လိမ္မာရေးခြားရှိစွာထိုင်ချလိုက်သည်။





"အိုး...ဟုတ်သားပဲ"





မစ္စကျန်းကခေတ္တရပ်သွားပြီးမှမေးသည်။





Mr.Rong's ချစ်မှုရေးရာ ဒိုင်ယာရီWhere stories live. Discover now