Chapter 59

498 66 0
                                    


Chapter 59

ငါမင်းအကြောင်းဘာမှမသိသေးဘူး





ချန်းခယ့်ယောင်မှာ တဒင်္ဂတုန့်ဆိုင်းသွားသည်။

"မင်းဘာလို့ရုတ်တရက်ကြီးမေးချင်လာရတာလဲ"

"အထွေအထူးမဟုတ်ပါဘူး"

ရုန်ယီပြောလိုက်သည်။

သူသည် 'စပျစ်နွယ်ပေါ်မှဖရဲသီးခုနစ်လုံး' အမည်ရအွန်လိုင်းမိတ်ဆွေကို အလိမ်အညာတစ်ပုံတစ်ခေါင်းကြီးနှင့်ဖြီးဖြန်းထားခဲ့သည်။ ထိုသူကအမှန်တကယ်ချန်းခယ့်ယောင်ဖြစ်နေခဲ့လျှင် သူ့ကိုယ်သူဖော်ထုတ်ရန်မှာရှက်စရာကောင်းလွန်း၏။





သို့သော်ငြား လက်ရှိအချိန်တွင်ဝေ့လည်ကြောင်ပတ်လုပ်သည်မှအပအခြားနည်းလမ်းရှာမတွေ့ပေ။ အမှန်တွင်ရုန်ယီ ချန်းခယ့်ယောင်ကို "ငါကထူးထူးခြားခြားချစ်စရာကောင်းတယ်လို့မင်းထင်လား" ဟုမေးချင်ခဲ့သည်၊ သို့သော် ၎င်းမှာအသံကျယ်ကျယ်ဖြင့်ထုတ်ပြောရန်ခက်သည်။

အဆုံးသတ်၌မူ သူသည်ချဉ်းကပ်ရမည့်နည်းလမ်းကိုပြောင်းလဲရန်ဆုံးဖြတ်လိုက်သည်၊ သူသည် တက်ကြွလွန်းသည့်အွန်လိုင်းမိတ်ဆွေကိုဖွင့်ပြောသည့်ကိစ္စကအောင်မြင်၊ မမြင်အား ကိုယ်ပိုင်မက်ဆေ့ချ်ပို့ပြီးသည်အထိစောင့်ရန်ဆုံးဖြတ်လိုက်သည်။

ထိုအတိုင်းတွဲစပ်ကြည့်ပါက အဆိုပါအွန်လိုင်းမိတ်ဆွေသည်သူ့အရှေ့မှလူအတိအကျဖြစ်ကြောင်းသံသယဖြစ်စရာရှိတော့မည်မဟုတ်။





"ကိုယ်မင်းကိုအရင်ကမပြောပြခဲ့တာ ကိုယ်နည်းနည်းရှက်နေလို့ပါ"





ချန်းခယ့်ယောင်သည်သူ့လက်များကိုဆုပ်နယ်လျက် ရုန်ယီ၏စိတ်ထဲမှအရာများကိုသတိမထားမိဘဲပြောနေသည်။

"လျိုယွမ်နဲ့ကိုယ့်သူငယ်ချင်းတွေကကိုယ့်ရဲ့ကလောင်နာမည်ကိုသိသွားကြတော့ဝိုင်းရယ်ကြတယ်၊ အချို့မိတ်ဆွေစာရေးဆရာတွေဆိုရင်သူတို့သဘောနဲ့သူတို့မိန်းကလေးပုံစံမိတ်ကပ်တွေပြင်လာကြသေးတယ်၊ အဲဒါကကိုယ့်ကိုနောက်ပိုင်းမှာ လူတွေနဲ့တွေ့ဖို့အရမ်းရှက်သွားစေခဲ့တယ်၊ ကိုယ်မင်းကိုပြောလိုက်ရင်မင်းလည်းကိုယ့်ကိုရယ်မှာကြောက်တယ်"





Mr.Rong's ချစ်မှုရေးရာ ဒိုင်ယာရီWhere stories live. Discover now