Chapter 30

486 82 0
                                    


Chapter 30

ဒါက ကျွန်တော့်ကောင်လေး ရုန်ယီပါ…





ချန်းခယ့်ယောင် သက်ပြင်းအရှည်ကြီးချကာ ဧည့်ခန်းမှမီးကို ဖွင့်လိုက်၏။





ထို့နောက် ရယ်ရမှန်းမသိငိုရမှန်းမသိတော့ အသံလေးဖြင့် “အစ်မကြီးလန် ဘယ်တုန်းက ပြန်ရောက်တာလဲ…”





“ငါ…”





သူခေါ်လိုက်သော အစ်မကြီးလန်ဆိုသူမှာ သေးသေးလေးဖြစ်ပြီး မျက်နှာပေါ်တွင် အိပ်ချင်မူးတူးအမူအရာဖြင့် ပါးစပ်မှာဟနေလျက် ရုန်ယီနှင့် ချန်းခယ့်ယောင်တို့၏ တွဲထားသောလက်ကို ကြည့်နေသောအကြည့်မှာတော့ စိတ်လှုပ်ရှားနေပုံရ၏။

“အာ…ဒါက…”





လန့်သွားသောရုန်ယီက ချက်ချင်းဆိုသလို သူ့လက်ကိုပြန်ရုတ်လိုက်၏။ လက်ကိုပင်နှစ်ကြိမ်လောက် ခါလိုက်သေးသည်။





မမျှော်လင့်ထားဘဲ ချန်းခယ့်ယောင်မှာ သူ့ကိုအမြန်ကြည့်ပြီး သူ့လက်ကိုလှမ်းဆွဲကာ မြန်မြန်ဆန်ဆန် လက်ချောင်းများကိုဆုပ်ကိုင်ထားလိုက်ကြ၏။





ရုန်ယီ ငြင်းဆန်ရန်ပင် အချိန်မရှိလိုက်ချေ။ ထိုအယ်လ်ဖာ၏ နားလည်ရခက်သော အပြုအမူများကိုကြည့်ကာ သူထပ်ပြောလိုက်သော စကားကြောင့် ပိုရူးချင်သွား၏။

“ဒါက ကျွန်တော်ပြောပြောနေတဲ့ ကျွန်တော့်ကောင်လေး ရုန်ယီလေ…”

ချန်းခယ့်ယောင်ပြောလိုက်၏။ “ကြည့်ပါလား… ကျွန်တော်လိမ်နေတာ မဟုတ်ဘူးနော်…”

တစ်ဆိတ်လောက်။ မင်းရဲ့ဘာဖြစ်တယ်။ ကောင်လေးဆိုပါလား။

ရုန်ယီ ထိုနေရာမှပင် ကြောင်ပြီးရပ်နေစဉ် အစ်မကြီးလန်ဆိုသူက သူ့ဆီကို လျှောက်လာ၏။

“ဟဲလို ရှောင်းရုန်…” ရုန်ယီကို ကြည့်ရင်း မိတ်ဆက်လိုက်၏။ “ငါက…”

“အသဲလေး” ချန်းခယ့်ယောင်က ရုန်ယီ့ကိုကြည့်ရင်း ပြောလိုက်၏။

“ဒါက ကိုယ့်အမေလေ…”

ရုန်ယီ ပို၍ပင် အံ့ဩသွား၏။

Mr.Rong's ချစ်မှုရေးရာ ဒိုင်ယာရီWhere stories live. Discover now