Chapter 14

570 93 3
                                    


Chapter 14





ရုန်ယီ လှေကားအောက်သို့ဆင်းလာရင်း သူ့ဘာသာတွေးနေမိ၏။





“ငါ ဒီလိုလူမျိုးနဲ့ လမ်းခွဲခဲ့တာ ကံကောင်းတာပဲ…”





ချန်းခယ့်ယောင်မှာ တစ်ခါတစ်လေ အလွန်အားကိုးရသော်လည်း တစ်ခါတစ်လေတော့ အလွန်ပစ်စလက်ခတ်နေသူဖြစ်၏။





သို့သော် အားကိုးရသည့်ဘက်မှကြည့်လျှင် ယခုလိုအခြေအနေမျိုး သူ့ဘဝတွင် ဘယ်နှကြိမ်တွေ့ရမည်နည်း။ ပြီးခဲ့သောအခေါက်က ခါးပိုက်နိုက်နှင့် ယခုတစ်ခေါက် သူခိုးဖြစ်သည်။ ရုန်ယီ ယခုလိုအန္တရာယ်များသော အခြေအနေမျိုး သူ့ဘဝတစ်လျှောက်လုံး နှစ်ခါကြုံဖူးသည်။

တစ်ဖက်တွင်တော့ ချန်းခယ့်ယောင်သည် နေ့စဉ်ဘဝလုပ်ငန်းစဉ်များတွင် ပေါ့ပျက်ပျက်နိုင်လွန်း၏။

ထိုသို့သောသူများနှင့် အတူတူနေလျှင် အလွန်ပင်ပန်းရသည်။  ရုန်ယီထိုသို့ စိတ်ထဲတွင် အကြိမ်ကြိမ်ပြောနေသော်လည်း သူ့ခေါင်းထဲမှ ထိုမြင်ကွင်းကို ခေါင်းထဲမှ ထုတ်မရဖြစ်နေ၏။

သူ အလွန်ထိတ်လန့်နေစဉ် တံခါးအပြင်ဘက်မှကြားလိုက်ရသော ချန်းခယ့်ယောင်၏အသံ။ မှောင်မိုက်နေသောအခန်းထဲတွင် သူ့ကိုလှည့်ကြည့်လိုက်သော ကရုဏာအပြည့်ဖြင့် မျက်လုံးများ။ သူ့မျက်နှာကို လက်ဖြင့်ပွတ်လိုက်ပြီးနောက် လက်ပေါ်ကသွေးကိုကြည့်လိုက်ချိန်တုန်းက တစ်ချက်တွန့်သွားသော မျက်ခုံးများ။

ထိုအရာများမှာ ဘဝအတွက် အရေးပါသောအရာများမဟုတ်ချေ။

“အဲ့ဒါတွေကို ဘာလို့ပြန်စဉ်းစားနေတာလဲ…အရူးလိုပဲ နှလုံးခုန်တာမြန်ရုံပဲ ရှိမှာကို…”





“ပြီးတော့ သူကတော့ မင်းကို ခေါင်းထဲတောင်ရှိမှာမဟုတ်ဘူး…”

ရုန်ယီ စတိုးဆိုင်မှအိတ်ဖြင့် အိမ်ပြန်ရောက်လာသောအခါ ချန်းခယ့်ယောင်မှာ သူပြောထားသည့်အတိုင်းလေးပင် ထိုင်နေ၏။

အခုအချိန်တွင် သူ့မျက်နှာတစ်ဝက်ခန့်တွင် သွေးများစွန်းထင်နေ၏။ ကော်ဖီစားပွဲပေါ်တွင် သွေးပေနေသော တစ်သျှူးစများပြန့်ကျဲနေသည်။

Mr.Rong's ချစ်မှုရေးရာ ဒိုင်ယာရီWhere stories live. Discover now