Chapter 73

932 75 4
                                    


အခန်း(73) မင်းကအရမ်းကောင်းပါတယ်။ ဒါကြောင့် ကျေးဇူးပြုပြီး 'yes' လို့ပြောပေးပါလား။

ရုန်ယီသည် သူ၏ကိုယ်တွင်းမှအရိုးများဆွဲခွာခံရသည့်အလားခံစားလိုက်ရကာ သူ၏တစ်ကိုယ်လုံးတွင် အရေပြားတစ်ခုသာရှိတော့သယောင်။

သူလုံးဝနာကျင်နေရပြီး အားလည်းမသုံးနိုင်တော့။ သူသည်ပြားချပ်နေသောကိတ်မုန့်ကဲ့သို့သာ အိပ်ရာပေါ်တွင်လှဲနေနိုင်သည်။

မနေ့ကလေးတင်သွေးထုတ်ထားသည့်ချန်းခယ့်ယောင်ကား အားအင်အပြည့်နှင့်ရှိနေ၏။ အနှီမှာ တကယ်ကိုမတရားမှုပင်။ သူတို့ချစ်တင်းနှောကြသည့်အခါ ချန်းခယ့်ယောင်ကသာ ရုပ်ပိုင်းအင်အားကိုပိုစိုက်ထုတ်ရန်လိုအပ်သည်။

သို့သော် ရုန်ယီသည်နောက်ဆုံးမြင်ရပြီးထိတွေ့လိုက်ရသည့် အံ့ဩဖွယ်ခန္ဓာကိုယ်ကိုတိတ်တဆိတ်ပြန်လည်အောက်မေ့လိုက်ပြီးနောက် စိတ်အေးသွားသည်။

လေ့ကျင့်ခန်းလုပ်သူနှင့်မလုပ်သူတွင်အမှန်တကယ် ကြီးမားသောကွာဟချက်ရှိသည်။ နှိုင်းယှဉ်ကြည့်ပါက ရုန်ယီသည်အရပ်အတန်သင့်ရှည်လင့်ကစား အားနည်းသည်။

သို့သော် ရုန်ယီသည် မူလကပြင်ဆင်ရာတွင်ဝိုင်ဖြူဝယ်မည့်အစီအစဉ်အားမလိုအပ်တော့ဟုထင်မြင်လိုက်သည်။

သူရောက်တတ်ရာရာများတွေးနေခိုက် ချန်းခယ့်ယောင်သည်အိပ်ရာဘေးမှ ပွကြဲနေသည့်စက္ကူစတပုံတပင်ကိုကောက်ကာ အမှိုက်ပုံးတွင်းသို့ပစ်ထည့်ရန် လုံးထွေးလိုက်သည်။

ရုန်ယီသည်ရှော့ခ်ရသွားပြီး သူ၏ကိ်ုယ်ပေါ်မှမသက်သာမှုကိုမေ့သွားကာချန်းခယ့်ယောင်နှင့်သတ်ပုတ်ရန်အမြန်ပြေးသွားသည်။

"မင်းဘာလုပ်တာလဲ၊ ငါမဖတ်ရသေးဘူးကွ!"

"မဖတ်နဲ့တော့၊ ဖတ်ရအောင်လည်းမတန်ပါဘူး"

ချန်းခယ့်ယောင်၏တမျက်နှာလုံး ရဲပတောင်းခတ်နေ၏။

"ကိုယ့်ကိုသနားပါကွာ"

"ဒါကငါ့အတွက်ကွ! စာအိတ်ပေါ်မှာငါ့နာမည်ရှိတယ်၊ အဲဒါကြောင့်ငါ့စာပဲ!"

Mr.Rong's ချစ်မှုရေးရာ ဒိုင်ယာရီWo Geschichten leben. Entdecke jetzt