Chapter 70

499 50 0
                                    


Chapter 70

ကိုယ့်ကိုယောကျ်ားလို့ခေါ်

ချန်းခယ့်ယောင် သူ၏အခန်းကိုလိမ်လိမ်မာမာနှင့်ပြန်သွားချိန်တွင်လည်းပုံမှန်ပင်။

ရုန်ယီသည် ချန်းခယ့်ယောင်အိပ်ရာပေါ်တွင်လှဲသည်ကိုကြည့်နေပြီးအနှီသူကို စောင်အတွင်းသို့ထိုးထည့်ကာ ချက်ပြုတ်ရန်ထွက်သွားသည်။ မီးဖိုချောင်မှာစိတ်မချမ်းသာစရာကောင်းသည့်တိုင် ထမင်းပေါင်းအိုးမှာ အကောင်းအတိုင်းရှိနေသေးပြီး ချန်းခယ့်ယောင်အတွက်ဆန်ပြုတ်အနည်းငယ်ချက်၍ရနိုင်သည်။ ရုန်ယီ ဆန်ဆေးပြီးထမင်းပေါင်းအိုးတွင်းထည့်ကာ ပလပ်ထိုးလိုက်သည်။ ထမင်းပေါင်းအိုးမှအညွှန်းပြမီးလေးအားကြည့်နေလျက် ရုတ်တရက်သူကျေနပ်အားရမှုကိုခံစားရသည်။

ချန်းခယ့်ယောင်ကနေမကောင်းဖြစ်နေသည်။ သူကိုယ်တိုင်လည်းစိတ်ဖိစီးရသည်။ သို့သော် ချန်းခယ့်ယောင်အားဂရုစိုက်ရန်အခွင့်အရေးရခဲ့၍ သူအလွန်ပျော်ရွှင်ရသည်။ သည်ရက်ပိုင်း ချန်းခယ့်ယောင်မှာသူ၏မိဘများကို အဖော်လုပ်ပေးကာမြို့အနှံ့လျှောက်လည်ပေးခဲ့ခြင်းက အနှီသူ၏ ဇီဝကမ္ပပုံမှန်လုပ်ငန်းစဉ်များကိုဆန့်ကျင်ကာပင်ပန်းနွမ်းနယ်ခြင်းတို့ကိုဖြစ်စေခဲ့ခြင်းဖြစ်မည်။ သို့ထိတိုင် ချန်းခယ့်ယောင်သည်အစဉ်အားအင်အပြည့်ဖြင့်တက်ကြွနေခဲ့သည်။ တူညီသောအကြောင်းအရင်းတစ်ခုကြောင့်ဖြစ်နိုင်သည်။

သင်တစ်စုံတစ်ယောက်ကိုနှစ်သက်နေချိန် ထိုသူအတွက်အကောင်းဆုံးလုပ်ပေးရန်အခွင့်အရေးရလာသည့်အခါ တာဝန်ပြီးမြောက်ခြင်း၏အားကောင်းသောခံစားချက်ကိုရစေလိမ့်မည်။

ချန်းခယ့်ယောင်ကသူ့အား မကြာခဏစိတ်ဆိုးအောင်လုပ်ခဲ့သော်ငြားရုန်ယီက သူသည်ချန်းခယ့်ယောင်၏အသည်းတစ်ခြမ်းလေးဖြစ်နေပြီမှန်း သိနေခဲ့သည်။ ချန်းခယ့်ယောင်ကသူ့အပေါ်ကောင်းပေးသည်။ ချန်းခယ့်ယောင်၏ကြံ့ခိုင်သည့်စိတ်ဓာတ်နှင့် ပျော်ရွှင်မှုများကို ရုန်ယီခံစားရသည်။ သို့ဖြစ်၍ သူရှုံးနိမ့်မှုကိုလက်မခံနိုင်ပေ။

Mr.Rong's ချစ်မှုရေးရာ ဒိုင်ယာရီWhere stories live. Discover now