Chapter 50

517 89 5
                                    


အခန်း 50-

မင်း မော့ယွီဖေးနဲ့ ထပ်တွေ့ပြန်ပြီလား။





ရုန်ယီသည် ရှုခင်းကြည့်ရာမှ ထွက်လာသောအခါ WeChat တွင် အစောပိုင်းက တင်ထားခဲ့သော ပို့စ်မှာ တစ်ဦးတည်းသာ မြင်နိုင်သည့် ထိုလူထံမှ like ပေးခြင်းခံထားရသည်။

ချန်းခယ့်ယောင်က မည်သည့် မှတ်ချက်မျှ ပေးမလာသည့်အတွက်တော့ ဝမ်းနည်းစရာ ဖြစ်ပြီး ရုန်ယီသည် သူ့အား စကားစ၍ပြောနိုင်မည့် အကြောင်းအရာနှင့် စကားလုံး အနည်းငယ်ကိုမျှ စဉ်းစား၍ မရခဲ့ပေ။

အဆာပြေစာတန်းသို့ ရောက်သောအခါ သူသည် လမ်းတစ်လျှောက်လုံး စားသောက်သွားပြီး အရသာရှိသည့် အစားအသောက်များကိုလည်း ဓာတ်ပုံ အများကြီး ရိုက်ယူခဲ့သည်။ အပြန်လမ်း၌  WeChat တွင် တင်ရန် ပို့စ်နှစ်ခုကို ဂရုတစိုက် တည်းဖြတ်လာခဲ့၏။ ပထမပို့စ်မှာ အစားအသောက်ပုံများဖြင့် ပြည့်နေသော စတုရန်းကွက်လေးကိုးကွက်ဖြစ်ပြီး လူတစ်ဦးမှလွဲ၍ ကျန်သူများ အားလုံး မြင်တွေ့နိုင်သည်။ ဒုတိယပို့စ်အတွက် သူသည် ဓာတ်ပုံကိုးပုံထဲမှ တစ်ပုံကို ပြောင်းလဲခဲ့ပြီး ချန်းခယ့်ယောင် တစ်ဦးတည်းကိုသာ မြင်တွေ့နိုင်စေခဲ့သည်။

စတော်ဘယ်ရီသကြားလုံးတုတ်ချောင်းကို ကိုင်ထားသည့် သူ၏ selfieပုံ ဖြစ်သည်။

အမှန်တော့ ရုန်ယီသည် သူ၏ တင်းမာနေသော မျက်နှာအနေအထားကြောင့် selfie ရိုက်ရာတွင် အလွန် ဆိုးရွားသည်။ သူသည် photoshopပြုလုပ်ခြင်းနှင့် filteringထည့်ခြင်းများတွင်လည်း မကျွမ်းကျင်ပေ။ မပြုပြင်ထားသည့် ဓာတ်ပုံများထဲတွင် သူ အမြဲ ကြည့်ရဆိုးနေတတ်သည်။ ထို့ကြောင့် ဤတစ်ကြိမ်တွင် ပြစ်ချက်များကို ရှောင်ရှားရန်အတွက် စတော်ဘယ်ရီတုတ်ထိုး ကိုက်ထားသည့် သူ၏မျက်နှာအောက်ပိုင်းကိုသာ ဓာတ်ပုံထဲတွင် ပြသခဲ့သည်။

ဤဓာတ်ပုံမှာ လိင်ပိုင်းဆိုင်ရာအနေဖြင့် လိမ်လည်လှည့်ဖြားမှု ရှိနေသည့်ပုံပေါ်သောကြောင့် အခြားသူများကို မြင်တွေ့ခွင့်ပေးရန် သူ အလွန် ရှက်နေမိသည်။

အမှန်တော့ ချန်းခယ့်ယောင်ကိုလည်း မြင်တွေ့ခွင့်ပေးရန် စိတ်မသက်မသာဖြစ်ရပါသည်။ သို့သော်လည်း ယခုတလော သူ တင်သမျှကို ချန်းခယ့်ယောင်က အမြဲ တုံ့ပြန်နေသောကြောင့် ပို့စ်တင်ရန် သတ္တိရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် ချန်းခယ့်ယောင်သည် အလွန် သိသာစွာ လိမ်ညာလှည့်ဖြားထားသည့် ဓာတ်ပုံကို မြင်သောအခါ တစ်ခုခု ပြောလာမည်ကို သူ ကြည့်ချင်မိသည်။

Mr.Rong's ချစ်မှုရေးရာ ဒိုင်ယာရီWhere stories live. Discover now