Chapter 36

469 77 2
                                    


Chapter 36

ချန်းခယ့်ယောင်ကစိတ်အနှောင့်အယှက်ဖြစ်စရာပဲ!





သူအလုပ်ပြန်သွားရသည့် ဒုတိယမြောက်နေ့နံနက်တွင် အဖျားကြီးနေခဲ့သည့်ရုန်ယီသည် ခွန်အားအပြည့်နှင့်တက်ကြွနေသည်။

သို့သော် သူ့လုပ်ဖော်ကိုင်ဖက်များ၏မလိုအပ်သောခုခံမှုများကို လျှော့ချနိုင်ရန် သူကုမ္ပဏီကိုလာသည့်အခါပျင်းတွဲနေသည့်အကြည့်ကိုတပ်ဆင်ထားရသည်။



လုပ်ဖော်ကိုင်ဖက်ကုပ္မဦမှ အလုပ်တိုးတက်မှုအခြေအနေအကျဉ်းချုပ်ကိုနားလည်သည့် လူတစ်ယောက်လွှတ်လိုက်မည့်အကြောင်း အကြောင်းကြားလာခဲ့သည်။ ရုန်ယီကအလုပ်တွင်အမြဲတစေ အားစိုက်ထုတ်တတ်သည့်တိုင် ဒီမနက်မှာပင်သူအလုပ်ဖိလုပ်မိခဲ့ပြီး လုပ်ဖော်ကိုင်ဖက်များကိုအနည်းငယ်စိုးရိမ်စေခဲ့သည်။

သို့သော် တစ်ယောက်မှ အလုပ်ရှင်ကုမ္ပဏီနှင့်ဆက်ဆံရာတွင် မကူညီချင်ကြပေ။ သူဗျာများနေခိုက် တစ်ဖက်ကုမ္ပဏီကဆက်သွယ်လာပြီးအကျဉ်းချုံ့ဆွေးနွေးပြီးနောက် ဖုန်းထဲမှတစ်ယောက်ကပြောလာခဲ့သည်။

"ရှောင်လျိုကမင်းကုမ္ပဏီကိုလာပေးမယ်တဲ့"

အလုပ်ရှင်ကုမ္ပဏီတွင် ရှောင်လျိုဆိုသူကတစ်ယောက်သာရှိသည်။

လျိုယွမ်ကလူကောင်းတစ်ယောက်ပင်။ ရုန်ယီကအသည်းအသန်နေမကောင်းဖြစ်ပြီး နာလန်ပြန်ထူလာခြင်းကိုကြားရသည်နှင့် တစ်ခွန်းမပြောတော့ဘဲ ရုန်ယီကုမ္ပဏီကိုသွားရန်သဘောတူခဲ့သည်။

ရုန်ယီ စိတ်လှုပ်ရှားသွားပြီး အနှီသူအပေါ် အချိန်တိုလေးသဘောကျခဲ့မိခြင်းအတွက်ရှက်မိသွားသည်။

ရုံးခန်းထဲတွင်ပစ္စည်းများပြင်ဆင်လျက်စောင့်နေရင်း သူကအခုထိလူလွတ်ဖြစ်နေသေးသည့်အကြောင်းတိတ်တဆိတ်တွေးမိနေသည်၊ ယင်းကသူ၏စိတ်ကူးငယ်လေးကို ပြန်လည်ရှင်သန်လာမည်ဟုဆိုလိုခြင်းဖြစ်နိုင်သည်။

တွေးပြီးနောက် သိပ်မူမမှန်သေးသလိုခံစားရသည်။

'ငါက single ပဲမဟုတ်ဘူးလား?'

Mr.Rong's ချစ်မှုရေးရာ ဒိုင်ယာရီWhere stories live. Discover now