Chapter 7

582 95 0
                                    

Chapter 7

ဖော်မပြနိုင်သော ထူးဆန်းသည့် ခံစားချက်တစ်ခုက ရုန်ယီ၏နှလုံးသားထဲတွင် ပျံ့နှံ့လာသည်။

သူသည် မျက်ခုံးကြုံ့၍ စပရေးပုလင်းကို ချန်းခယ့်ယောင် မြင်နိုင်ရန် လှည့်ပြလိုက်ပြီး ပြောသည်။

"အယ်လ်ဖာ သီးသန့်လို့ ရေးထားတယ်"

"ဟုတ်တယ်လေ"

ချန်းခယ့်ယောင်သည် ရုန်ယီ ဆိုလိုချင်သည့်အဓိပ္ပါယ်ကို သဘောမပေါက်ပေ။

"ဘာဖြစ်လို့လဲ"

"ငါ့အတွက်ရော အလုပ်ဖြစ်မှာလား" 

ရုန်ယီက မေးသည်။

ထို့နောက် ချန်းခယ့်ယောင်သည် ပို၍ စိတ်ရှုပ်ထွေးလာကာ

"ကိုယ် သုံးပြီးသားကြီးဖြစ်နေလို့  မကြိုက်တာလား"

ဤကဲ့သို့ ခန္ဓာကိုယ်ကို ဖြန်းရသော ဆေးမျိုးသည် အရေပြားနှင့် ထိတွေ့ရန် မလိုအပ်ပေ။ ထို့အပြင် တံတွေးချင်းပင် ဖလှယ်ဖူးသည့် ဆက်ဆံရေးရှိသူနှစ်ဦးအတွက် တူညီသော ဖြန်းဆေးကို အတူ အသုံးပြုရန်မှာ ကြီးမားသော ပြဿနာတစ်ခုလည်း မဟုတ်ပါ။

ရုတ်တရက် ရုန်ယီ တစ်ခုခု မှားနေပြီဟု ခံစားလိုက်ရသည်။ သို့သော် မည်သည့်နေရာက မှားနေမှန်း သူ မပြောတတ်ပေ။

“‌သေချာပေါက် မဟုတ်ဘူးပေါ့”

"ဒါပေမယ့် အယ်လ်ဖာအတွက် ထုတ်ထားတဲ့ စပရေးကို ငါ သုံးလို့ရပါ့မလား"

ချန်းခယ့်ယောင်ကလည်း ရုန်ယီ ပြောသည့်စကားကို နားမလည်သလို ကြောင်တောင်တောင်ဖြင့် တွေဝေစွာ ငေးကြည့်နေသည်။

ချန်းခယ့်ယောင်၏တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ အိုမီဂါ အဖြစ် ပြောင်းလဲလာပြီးနောက်ပိုင်း အကြိမ်ပေါင်း တစ်သန်းလောက် အယ်လ်ဖာ ဟု ထင်မှားခံခဲ့ရသော ရုန်ယီမှာ နှလုံးသွေးများ ရပ်တန့်သွားလေသည်။ ထို့နောက် သူ၏စိတ်ထဲတွင် အလွန် ဆိုးရွားသော နိမိတ်တစ်ခု ပေါ်လာသည်။

“ငါ မေးချင်တာက ဒီဟာက အိုမီဂါအတွက်ရော ထိရောက်မှုရှိလား”

သူ၏စကားကို ကြားလိုက်သောအခါ ချန်းခယ့်ယောင်သည် ပါးစပ်အဟောင်းသားဖြင့် တစ်ခွန်းမှ‌မပြောဘဲ ရုန်ယီကို ကြည့်လျက် ငြိမ်ကျသွားသည်။

Mr.Rong's ချစ်မှုရေးရာ ဒိုင်ယာရီWhere stories live. Discover now