Chapter 43

443 82 2
                                    


Chapter 43

ငါကိုယ်တိုင်အကုန်လုံးကိုဖျက်ဆီးမိနေတာလား

..







သူ့ခံစားချက်များကိုဖိနှိပ်ထားခဲ့သည်မှာ အတော်လေးကြာမြင့်ခဲ့ပြီ။





မထင်မှတ်ဘဲ ချန်းခယ့်ယောင်အပေါ် သူ့ခံစားချက်များကတစ်ဖက်သက်စိတ်ဝင်စားနေသည်ထက် ကျော်လွန်သွားခဲ့သည်။ သူသည်မရည်ရွယ်ဘဲ လျစ်လျုရှုခြင်း သို့မဟုတ် ရင်ဆိုင်ရန်ရှောင်ဖယ်နေခဲ့လျှင်ပင်သည်အတိုင်း ပျောက်ကွယ်သွားခွင့်မပေးနိုင်ပေ။ အဆိုပါခံစားချက်များက သူ့နှလုံးသားထဲတွင် တဖြည်းဖြည်းကြီးထွားရှင်သန်လာပြီးသူလက်ခံလိုက်ချိန်တွင် ၎င်းကသူ့အတွေးများကိုစိုးမိုးပြီးသားဖြစ်နေခဲ့သည်။





ရုန်ယီသည် ထပ်မထိန်းချုပ်နိုင်တော့သောကြောင့်သူသာထိန်းချုပ်ခံလိုက်၏။





စိတ်လိုက်မာန်ပါလုပ်ခြင်းက အဆုံးသတ်တွင်ဆိုးရွားသည့်အရာများသာဖြစ်စေခဲ့သည်။





ချန်းခယ့်ယောင်နှုတ်ခမ်းများက သူ့မှတ်ဉာဏ်ထဲတွင်နူးညံ့ခဲ့သည်။ သို့သော် အတိတ်နှင့်မတူညီစွာတစ်ကိုယ်လုံးတောင့်ဆတ်နေသည်။





တုံ့ပြန်မှုမရှိသည့်အနမ်း၏သာယာမှုလေးမှာ အမြန်ပျောက်ဆုံးသွားသည်။





ရုန်ယီ အလျင်အမြန်နောက်ဆုတ်လိုက်၏။





တဒင်္ဂအဖြစ်အပျက်လေးတွင် သူချန်းခယ့်ယောင်ကိုကြောက်အောင်လုပ်လည်း အံ့ဩစရာမဟုတ်ဟုတွေးခဲ့သည်၊ သူကိုယ်တိုင်လည်းကြောက်ရွံ့နေခဲ့သည်။





သို့ထိတိုင် ချန်းခယ့်ယောင်အမူအရာကိုမြင်လိုက်သည့်အခါ စိတ်ပိုင်းဆိုင်ရာ တည်ဆောက်မှုတွင်သက်ရောက်မှုမရှိသည်ကိုတွေ့လိုက်ရသည်။





ချန်းခယ့်ယောင်ကိုကြည့်ရသည်မှာ ဖြူရော်နေသည်။ စက္ကန့်အနည်းငယ်ခန့် သူတို့အပြန်အလှန်ကြည့်နေခဲ့ကြသည်၊ သူသည်တစ်စုံတစ်ခုကိုပြန်ထိန်းသိမ်းရန်ကြိုးပမ်းနေပုံရသော်ငြား မကြာခင်သဘာဝမကျစွာခေါင်းငုံ့ကာ သူ့ပါးစပ်ကိုလက်ဖြင့်အုပ်ထားခဲ့သည်။





Mr.Rong's ချစ်မှုရေးရာ ဒိုင်ယာရီTahanan ng mga kuwento. Tumuklas ngayon