Chapter 10

586 93 3
                                    


Chapter 10

- ငါ့အိမ်မှာ တစ်ညလောက် အိပ်သွားချင်လား





ရုန်ယီသည် အချိန်အတော်ကြာအောင် စကားစမြည်ပြောဆိုပြီးနောက် ပူကျစ်နေသော ဖုန်းကို ကိုင်ထားရင်း နောက်ဆုံးတွင် လွန်ခဲ့သည့် တစ်နာရီခန့်က ခေါက်ဆွဲ စတင် ပြုတ်ထားခဲ့သည်ကို သတိရသွားသော်လည်း ယခုမူ အလွန် နောက်ကျသွားပြီ ဖြစ်သည်။

သူ မီးခိုးငွေ့များကြားထဲမှ မီးဖိုချောင်သို့ ပြေးဝင်လာသောအခါ မီးတောက်နေသည်ကို မြင်လိုက်ရသည်။ ခေါက်ဆွဲပြုတ်အိုးမှာ လုံးဝ မမှတ်မိနိုင်လောက်အောင် ပျက်ဆီးသွားပြီ ဖြစ်၍ မီးဖိုချောင်သုံးစက္ကူက ထမင်းပေါင်းအိုးဘေးတွင် လောင်ကျွမ်းနေပြီး အိုးတစ်ဖက်ခြမ်းမှ ရော်ဘာဓာတ်ငွေ့ပိုက်မှာ အရည်ပျော်လုနီးနီး ဖြစ်နေသည်။

ရုန်ယီ အသိစိတ်များ မှောင်အတိ ဖြစ်သွားသည်။

ထို့နောက် အညှော်ထုတ်ခေါင်းတိုင်ရှိ ဆီအိုးမှာ သူ ကြည့်နေစဉ်၌ မီးတောက်ထဲသို့ ပြုတ်ကျသွားလေသည်။

ရုန်ယီ ရုတ်တရက် တုန်လှုပ်နေရာမှ သတိပြန်ဝင်လာပြီး သတ္တိရှိရှိဖြင့် ဓာတ်ငွေ့ပင်မအဆို့ရှင်ကို အပြေးတပိုင်း သွားပိတ်ပြီးနောက် လက်ကိုင်ဖုန်းကို ချက်ချင်း ယူကာ အိမ်ထဲမှ ပြေးထွက်လာခဲ့သည်။ ကျိုးလီကို ရှင်းပြရန် အချိန် မရတော့သည့်အတွက် ဖုန်းခေါ်ဆိုမှုကို ဖြတ်တောက်လိုက်ပြီး 119 ကို ချက်ချင်း ဖုန်းဆက်လိုက်သည်။

သူ အဆောက်အဦထဲမှ ပြေးထွက်လာပြီးနောက် မော့ကြည့်လိုက်သောအခါ သူ၏မီးဖိုချောင်ပြတင်းပေါက်မှ မီးခိုးလုံးကြီးများ ထွက်နေလေသည်။

သူ၏တိုက်ခန်းရှိ လေထုက ပူလောင်လာသောအခါ သူ၏စိတ်နှလုံးမှာ အေးခဲနေသည့်အပူချိန်သို့ နစ်မြုပ်သွားလေသည်။

ရပ်ကွက်ထဲမှ လူတော်တော်များများက ဝိုင်းလာပြီး လက်ညှိုးထိုးကာ စကားပြောနေကြသည်။ ရုန်ယီသည် သူ၏အပေါ်ထပ်အခန်းတွင် နေထိုင်သော သက်ကြီးစုံတွဲကို လူအုပ်ထဲတွင် မြင်လိုက်ရပြီး သူတို့သည် အတော်လေး စိုးရိမ်ပူပန်နေပုံရ၏။

Mr.Rong's ချစ်မှုရေးရာ ဒိုင်ယာရီWhere stories live. Discover now