Chapter 3

847 125 2
                                    

Chapter 3
ဒီတော့...မင်းမှာချစ်သူကောင်လေးရှိပြီးသားပေါ့

ရုန်ယီ အိပ်မပျော်ခင် အိပ်ရာပေါ်တွင်လူးလှိမ့်နေလျက်မက်ဆေ့ချ်ပို့ရန်ရှုံးနိမ့်သွားရသည်။

ဆိုရိုးစကားအရ အစကောင်းခြင်းကတစ်ဝက်အလုပ်ဖြစ်ခြင်းပင်။ Alpha တစ်ယောက်က သူ့အပေါ်မလိုမုန်းထားမှုမရှိနေခြင်းက အရမ်းရှားပါးသည်။ ထို့အပြင် အလွန်အမင်းချောမောလွန်းသည့် Alpha ဖြစ်နေသည်။ ရုန်ယီ ဤတစ်ကြိမ်တွင် အတော်လေးသတိထားရမည်ဟုခံစားရသည်။

သူစာအနည်းငယ်ရေးသည််၊ ဖျက်သည်၊ သူ့နှလုံးသားလေးကအပြင်းအထန်ခုန်လှုပ်နေရင်း အိပ်ရာထဲတွင်လူးလှိမ့်နေသည်။ သူချန်းခယ့်ယောင် moment တွေထဲဝင်ကြည့်နေပြီး ဓာတ်ပုံများကိုသဘောကျနေသည်။ ပြီးနောက် သူစာရိုက်ပြီး ထပ်ဖျက်ပြန်သည်။ အကြိမ်ရေအနည်းငယ် ရေးလိုက်၊ဖျက်လိုက်နှင့်လုပ်နေပြီးနောက် ချန်းခယ့်ယောင်post အသစ်တစ်ခုတင်ထားသည်ကိုတွေ့လိုက်ရသည်။

"ဒီနှစ်ကုန်ဖို့နှစ်လပဲလိုတော့တယ်...ငါဒီနှစ်ရဲ့ပန်းတိုင်ဖြစ်တဲ့ တစ်ကိုယ်တော်ဘဝကနေ လွတ်နိုင်မှာလား?"

သူ့လက်များတုန်နေ၍ မတော်တဆ post ကို like နှိပ်မိသွားခဲ့သည်။

သူစိတ်နှင့်ကိုယ်ပြန်ကပ်သွားချိန်တွင် သူတစ်ညလုံးစောင့်မျှော်နေခဲ့သည့်မက်ဆေ့ချ်တစ်စောင်က ရုတ်တရက်စကားပြောနေရာတွင်ထွက်ပေါ်လာသည်။

"ကြည့်ရတာ...မင်းငါ့ကားပေါ်မှာတစ်ခုခုကျန်ခဲ့တယ်ထင်တယ်"

အသိစိတ်လွတ်နေရာမှပြန်ရလာသည့်အခိုက် ရုန်ယီသူ့ခြေထောက်ကိုမညှာမတာရိုက်လိုက်သည်။

ဟုတ်သားပဲ....ချန်းခယ့်ယောင်ကားပေါ်မှာတစ်ခုခုကိုတမင်ထားခဲ့လိုက်ဖို့ ဘာလို့မတွေးမိတာလဲ?။ ၎က ဟာကွက်မရှိတဲ့အကြောင်းပြချက်ကောင်းတစ်ခုဖြစ်နိုင်သည်။ ကံကောင်းတာက သူထိုအကြောင်းမတွေးမိခဲ့လျှင်ပင် ချန်းခယ့်ယောင်ကားပေါ်တွင်တစ်ခုခုပျောက်နေသလိုဖန်တီးနိုင်သည်၊ အကြောင်းမှာသူကနမော်နမဲ့နိုင်သူဖြစ်နေ၍။

ရုန်ယီ ပျာပျာသလဲပြန်ရေးလိုက်သည်။

"တောင်းပန်ပါတယ်...ခင်ဗျားကားပေါ်မှာဘာကျန်ခဲ့တာလဲ?"

Mr.Rong's ချစ်မှုရေးရာ ဒိုင်ယာရီWhere stories live. Discover now