Chapter 9.2

561 96 0
                                    


Chapter 9.2







ရုန်ယီ နောက်ဆုံး အိမ်ပြန်ရောက်လာသောအခါ သူထင်ထားသည်ထက် အများကြီး စောနေသည်ကို တွေ့လိုက်ရ၏။

နောက်ဆုံးတွင် သူတို့ ရုပ်ရှင်လည်း အပြီးအထိ မကြည့်ခဲ့ရသလို အပြန်တွင် ညစာလည်း အတူ မစားခဲ့ကြပေ။ ရုန်ယီမှာ စစ်မြေပြင်မှ လွတ်မြောက်ရန်သာ စိတ်အားထက်သန်နေသောကြောင့် အိမ်ပြန်ရောက်၍ အိပ်ယာပေါ် မလဲလျောင်းမချင်း သူ ဗိုက်ဆာနေမှန်း မသိခဲ့ပေ။

ဤကဲ့သို့ လူကျချိန်၌ ညစာအတွက် delivery စနစ်များမှာ နှေးကွေးလွန်းသောကြောင့် အစာခြောက်ဗီရိုထဲတွင် အသင့်စားခေါက်ဆွဲခြောက်ထုပ်ကို ရှာတွေ့ကာ မီးဖိုပေါ်တွင် ပြုတ်လိုက်သည်။

ရုန်ယီမှာ ဟင်းချက်ရာတွင် အလွန် တော်ပါသည်။ သို့သော်လည်း သူ၏နေ့စဉ် လုပ်ငန်းဆောင်တာများက အလွန် အလုပ်များကာ အိမ်ပြန်ချိန် အများစုမှာလည်း နောက်ကျသည့်အတွက် ညစာကို အဆင်ပြေသလို စတိုးဆိုင်တွင် သွားစားခြင်းဖြစ်စေ မှာစားခြင်းများဖြစ်စေ လုပ်လေ့ရှိပြီး တစ်ခါတရံ အပြောင်းအလဲ ဖြစ်ရန် ခေါက်ဆွဲပြုတ် သောက်လေ့ရှိသည်။

စနေ၊တနင်္ဂနွေ ပိတ်ရက်များတွင် ဟင်းချက်စားရန် အချိန် ပေါပေါများများ ရှိသော်လည်း သူတစ်ယောက်တည်း ချက်ပြုတ်ရန် သိပ်ပြီး စိတ်မပါလှချေ။

မကြာခင်၌ သူ သဘောကျသည့်လူအတွက် ချက်ပြုတ်ပေးရန် အခွင့်အရေး ရလာလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း...

ချန်းခယ့်ယောင်က တကယ်ကို အကုသိုလ်ကောင်ပင်။ ရုတ်တရက် သူ ခေါင်းကို ထပ်မံ ခါလိုက်သည်။ အကယ်၍ ဦးနှောက်အတွင်းရှိ အမှတ်တရများကို မိုဘိုင်းဖုန်းလမ်းညွှန်ထဲမှ နံပါတ်များကဲ့သို့ အလွယ်တကူ ဖျက်ပစ်နိုင်လျှင် သိပ်ကောင်းမည်။ ထို ခွေးကောင်အယ်လ်ဖာသည် သူ့အား ပျော်ရွှင်မှုအားလုံးကို ခေတ္တ ချေးပေးထားသည့် ပျော်ရွှင်ခြင်းချေးယူဝန်ဆောင်မှုနှင့် တူညီပြီး ယခုအခါ သူ အတိုးရော အရင်းပါ ပြန်ဆပ်နေရပြီ ဖြစ်သည်။

သို့သော် အတိုးနှုန်းက အဆမတန် များလွန်းသည်။ သူ ဘယ်တော့မှ အကျေ ပြန်မဆပ်နိုင်မည့် အဆုံးမရှိသော အကြွေးတစ်ခုလိုပင်။ ရုန်ယီသည် တန်ဖိုးကြီးကြီးမားမားတစ်ခုကို ဆုံးရှုံးခဲ့ရသလို ခံစားမိ၏။

Mr.Rong's ချစ်မှုရေးရာ ဒိုင်ယာရီWhere stories live. Discover now