Chapter 52

448 90 1
                                    


Chapter 52: တစ်မိနစ်က အရမ်းကြာလွန်းတယ်…





ရုန်ယီ မှားမြင်လိုက်သလား သူ့ဘာသာပင် မသေချာချေ။





အကြောင်းမှာ ထိုခဏအတွင်း စင်ပေါ်တွင်ရပ်နေသောမော့ယွီဖေးက  သူ့ကိုငုံ့ကြည့်ကာ ချက်ချင်းပြုံးပြလိုက်သောကြောင့်ပင်ဖြစ်၏။



နောက်ဆုံးတွင် ရုန်ယီလန့်နေရာမှ နိုးထလာကာ ခုံနေရာမှထ၍  အားကျနေသောအကြည့်များကိုဖြတ်ကျော်ကာ စင်ပေါ်ကို တက်သွား၏။

အလွန်စိတ်လှုပ်ရှားနေသောကြောင့် ခြေလက်များပင် အတူတူလွှဲကာ လမ်းလျှောက်မိလုနီးပါးဖြစ်သွားသည်။

စင်ပေါ်သို့ရောက်သွားသောအခါ ထင်မှတ်ထားသည့်အတိုင်းပင် တင်ဆက်သူမှာ သူမကြားချင်သောစကားများကို ပြောတော့၏။

“ဝါး ဒါမျိုးက ရှားတယ်နော်…အရမ်းကိုချောမောတဲ့ အယ်လ်ဖာပဲ…ကျွန်တော်တို့ ရှောင်းမော့ရဲ့ဆွဲဆောင်နိုင်မှုကတော့.. အဆုံးမရှိပါပဲ…”

ရုန်ယီမှာ အထင်လွဲခံရသည်ကို မကြိုက်သော်ငြား ယခုလိုအခြေအနေကြီးတွင် ရှင်းပြရသည်ကို ပိုသဘောမကျဖြစ်၏။

ခဏအကြာ အခက်တွေ့နေပြီးနောက် ရုန်ယီစိတ်လျော့ရန်ဆုံးဖြတ်လိုက်ကာ ဒီတိုင်းဖြတ်ကျော်ရန် ဆုံးဖြတ်လိုက်၏။

စင်အလယ်ခေါင်သို့ ခေါ်သွားခံရကာ မိုက်ခ်တစ်ခုက လက်ထဲရောက်လာသည်။

“ဟယ်လို…” မော့ယွီဖေးက ပြုံးရင်းပြောလိုက်၏။

“ကိုယ့်ကိုကိုယ် အရင်မိတ်ဆက်ပေးပါလား…”

“အား…အားလုံးပဲ တွေ့ရတာဝမ်းသာပါတယ်” ရုန်ယီ စိတ်လှုပ်ရှားစွာဖြင့် တံတွေးမြိုချလိုက်၏။ “ကျွန်တော့်နာမည် ရုန်ယီပါ … ကျွန်တော်က မော့ယွီဖေးရဲ့ အမာခံပရိတ်သတ်ပါ…”

သူ့စကားဆုံးသွားသည်နှင့် ဆက်ပြောစရာ မရှိတော့သောကြောင့် တင်ဆက်သူကိုလှမ်းကြည့်လိုက်သည်။

“အဲ့ဒါဆို…အခု အချိန်စမှတ်တော့မယ်နော်…” တင်ဆက်သူက သူ့လက်ထဲမှနာရီကို ဝှေ့ယမ်းပြလိုက်၏။

Mr.Rong's ချစ်မှုရေးရာ ဒိုင်ယာရီOn viuen les histories. Descobreix ara