Chapter 64

468 77 0
                                    


Chapter 64



အခန်း 64- မစ္စတာချန်းက သူ့ကိုယ်သူ စိန်ခေါ်ဖို့ အမှန်တကယ်ပဲ သတ္တိရှိတယ်။

ရုန်ယီ၏မိဘနှစ်ပါးစလုံးသည် ဘီတာဖြစ်သည်။



သူ့အမေက နွေးနွေးထွေးထွေးရှိပြီး သူ့အဖေက စည်းဘောင်အတွင်းနေတက်ကာ စကားနည်းသည်။ သူတို့၏ အသွင်အပြင်နဲ့ ရုပ်ရည်ပိုင်းအရ သူတို့ဟာ တကယ့်ကို ရိုးရိုးရှင်းရှင်းပင်ဖြစ်၏။

သို့သော် စိတ်ဝင်စားစရာကောင်းသည်မှာ၊ ရုန်ယီ သည် သူတို့အနားတွင် ရပ်နေသောအခါတွင် တစ်ချက်ကြည့်လိုက်လျှင် သူသည် သူတို့၏သားဖြစ်ကြောင်း မြင်နိုင်ပေလိမ့်မည်။ ရုန်ယီသည် ငယ်စဉ်ကတည်းက သူ့ပတ်ဝန်းကျင် သူပတ်၀န်းကျင်ရှိ လူများက သူသည် မွေးရာပါ ထက်မြက်ခြင်းသည် သူ၌ အကောင်းဆုံးသော မိဘများ၏ အမွေအားဆက်ခံထားပြီး သူတို့၏ အားကောင်းသောအချက်များ ပေါင်းစပ်ထားခြင်းကြောင့်ဟု စနောက်လေ့ရှိကြသည်။





သူ၏အရပ်ကသာ ရှည်လာဟန်ရှိသော်ငြားလည်း...





သူတို့၏ အရပ်ရှည်ပြီး ချောမောတဲ့ အိုမီဂါ သားဖြစ်သူနဲ့ပတ်သက်လို့ သူလက်တွဲဖော်ရှာမတွေ့သည်ရှိတောင် သူ၏ မိဘများသည် ရုန်ယီကိုယ်တိုင်ထက် ပို၍ ပွင့်လင်းကြလေသည်။

သူ့အထက်တန်းကျောင်းပြီးကတည်းက သူ့အမေသည်အကြိမ်ပေါင်းများစွာ အရိပ်အမြွက်ပြခဲ့သည်။ ထိုအရာမှာ သူသည်အနာဂတ်မှာ အိုမီဂါ ကိုအိမ်သို့ခေါ်လာသော်လည်း သူစိတ်ဆိုးမည်မဟုတ်ကြောင်းဖြစ်၏။ သို့သော် သူမသည် ရုန်ယီ ၏နှလုံးသားကို နားမလည်ပေ။ အယ်လ်ဖာတစ်ေယာက်ကဲ့သို့အိမ်ထောင်ဖက်စံသတ်မှတ်ချက်များနှင့် ကိုက်ညီစွာ ကြီးပြင်းလာခြင်းသည် သူ ရွေးချယ်ခဲ့သည့်အရာ မဟုတ်ပေ။

ရုန်ယီသည်အယ်လ်ဖာများ ကိုသာ စိတ်ဝင်စားပြီး အထူးသဖြင့် ရုပ်ရည်သွင်ပြင်ကို အထူးသတိထားမကြောင်း သိရှိမိပြီးနောက်၌ သူ့မိခင်သည် သူ့အတွက် လက်တွဲဖော်ရှာရန် မျှော်လင့်ချက်မရှိတော့ပေ။





ယခုအချိန်အထိ၊ အသက်အရွယ်တူ အခြားလူပျိုကြီးများအား ချိန်းတွေ့မှုများတွင် ပါဝင်ရန် မိသားစုများက တွန်းအားပေးခဲ့ကြသော်လည်း ရုန်ယီ ၏ မိဘများကမူ တစ်စုံတစ်ရာ တိုက်တွန်းဆောင်ရွက်ခြင်း မရှိပေ။





Mr.Rong's ချစ်မှုရေးရာ ဒိုင်ယာရီWhere stories live. Discover now