Chapter 71

517 68 4
                                    

Chapter 71🚨⚠️





Chapter 71 ⚠️ warning ⚠️ 🚨

ကိုယ့်ရဲ့သကြားလုံးကအရည်ပျော်သွားပြီလား





ဤသို့သောကိစ္စမျိုးမှာ သင်ဖြေရှင်းရန်ကြိးစားလေ သင်ပို၍အရှက်ရလေပင်။





ရုန်ယီသည် သူ၏စိတ်ထဲတွင်သာချန်းခယ့်ယောင်၏အမည်ကို အကြိမ်ပေါင်းများစွာခေါ်ခဲ့သည်။ သို့တစေ သူ၏နှုတ်ခမ်းမှထုတ်ပြောတော့မည့်အချိန်တွင် တစ်ကိုယ်လုံးကားတောင့်တင်းနေလေ၏။ နောက်ဆုံး၌ သူသည် အချိန်အတန်ကြာသည်အထိ ခိုးကြောင်ခိုးဝှက်ရှာဖွေနေခဲ့ရပါသော၎င်းစာရွက်အပိုင်းအစလေးများကို ရရှိသွားခဲ့သည်။





"မင်းဖတ်စရာမလိုဘူး၊ ငါဟာငါပဲဖတ်လိုက်မယ်၊ ငါဖတ်ပြီးတဲ့အထိစောင့်နေ"





ပြောရင်းဆိုရင်း ရုန်ယီသည်တစ်ဖက်သို့လှည့်ကာ ခေါင်းငုံ့၍ သူတို့၏

တိုက်ပွဲအတွင်း ဆိုးဆိုးရွားရွားတွန့်ကြေနေပြီးသောစာရွက်ပိုင်းကို သတိထားဖြန့်လိုက်ပြီးနောက် စာရွက်ပိုင်းမှာချန်းခယ့်ယောင်၏မွှေနှောက်ရှာဖွေထားခဲ့မိလေ၍ ဖရိုဖရဲဖြစ်နေပြီမှန်းတွေ့လိုက်ရသည်။





ရုန်ယီမှာစကားလုံးများကိုရွေးဖတ်နေရုံရှိသေးခိုက် သူသည်ယစ်ထုပ်

ကြီး၏အနောက်မှပွေ့ဖက်မှုကိုခံလိုက်ရသည်။





ချန်းခယ့်ယောင်သည်ရုန်ယီ၏ခါးကို သူ၏လက်များဖြင့်ပွေ့ဖက်ထားသည်၊ သူ၏ဂုတ်ကိုနမ်းပြီး နားသို့ကပ်ပြောလာသည်။





"ဘေဘီ၊ မင်းကိုချစ်တယ်"





ရုန်ယီသည် သူ၏လက်ထဲမှစာရေးကိရိယာမှာသူနှင့်လောင်မြိုက်သွား

သည့်နှယ်ခံစားရသည်။





ချန်းခယ့်ယောင်သည်သူနှင့်အလွန်အမင်းနီးကပ်နေ၍ ချန်းခယ့်ယောင်အသက်ရှူထုတ်လိုက်တိုင်း ယစ်မူးဖွယ်ဝိုင်နံ့ဖျော့ဖျော့လေးရနေသည်။

အလွန့်အလွန်ကိုဖျော့တော့သည်။ ရုန်ယီသည် သူ၏စိတ်အရ ချန်းခယ့်ယောင်သောက်နိုင်သည့်ပမာဏကို အင်မတန်မြည်းစမ်းချင်စိတ်ဖြစ်လာသည်။

Mr.Rong's ချစ်မှုရေးရာ ဒိုင်ယာရီWhere stories live. Discover now