Chapter 13

542 83 1
                                    


Chapter 13

သူခိုးကို သတိမေ့အောင် လုပ်လိုက်လို့မရဘူးလား





ထိုသို့ ညဉ့်နက်လှသောညတစ်ညတွင်  တစ်ကိုယ်တည်းသမား အယ်လ်ဖာနှင့် အထီးကျန်နေသော အိုမီဂါသာရှိနေစဉ် အခန်းထဲသို့ဘာရည်ရွယ်ချက်ဖြင့်ဝင်လာပါလိမ့် ဟု ရုန်ယီတွေးနေ၏။





ရုန်ယီ အိပ်ရာပေါ်တွင်သာ လှဲနေကာ သူ့အိပ်ရာဘေးက အရိပ်မည်းကြီးကို ခိုးကြည့်နေ၏။ နှလုံးခုန်သံမှာ မြန်နေပြီး ချန်းခယ့်ယောင် ရုတ်တရက်စိတ်ပြောင်းကာ သူသည် အိုမီဂါတစ်ယောက်အနေဖြင့် မည်မျှသင့်တော်သော လက်တွဲဖော်မှန်း သဘောပေါက်သွားလေပြီလားဟုတွေးနေမိသည်။ သို့သော် အရမ်းမမြန်လွန်းဘူးလား။ ရုန်ယီထိုအခြေအနေအတွက် အဆင့်သင့်မဖြစ်သေးပါ။



“မဟုတ်သေးဘူးလေ…မဟုတ်ဘူး…”





ရုန်ယီ သူ့ကိုယ်သူ လွယ်ကူသောသူတစ်ယောက်မဖြစ်စေရန် ဆုံးဖြတ်လိုက်၏။ ချန်းခယ့်ယောင်စိတ်တိုင်းကျ ပေါ်လာလိုက် ပျောက်သွားလိုက် အဖြစ်မခံနိုင်သောကြောင့် စောင်ကိုသာ အပေါ်သို့တင်ပြီး ခြုံလိုက်သည်။





အခြား ပြဿနာများခဏမေ့ကာ အကယ် ချန်းခယ့်ယောင် သူ့အပေါ်အန်ချလျှင် ဘယ်လိုလုပ်မလဲဟု တွေးမိသွား၏။

သို့သော် ချန်းခယ့်ယောင်မှာ အလွန်သန်မာ၏။ သူပြန်ချလျှင်တောင် ချန်းခယ့်ယောင်နှင့် ယှဉ်နိုင်မည် မဟုတ်ချေ။ ချန်းခယ့်ယောင်သာ သူ့ကို ဒီနေရာမှာ ဒုက္ခပေးရန်ကြံစည်လျှင် သူဒီနေရာမှာတင် ဘဝဆုံးမည်ဖြစ်၏။ ဦးနှောက်မရှိသော အရူးတစ်ယောက်လို အယ်လ်ဖာတစ်ယောက်အိမ်ကို ရူးမိုက်စွာ ပြောင်းခဲ့မိပေပြီလား။





ခေါင်းထဲတွင် အတွေးများဖြင့် ပြည့်နေစဉ် သူ့ကိုစိုက်ကြည့်နေသော အရိပ်မည်းကြီးမှာ နောက်ဆုံးတွင်ရွေ့သွား၏။

ထိုသူ၏လှုပ်ရှားမှုကို မြင်ရသောအခါ ရုန်ယီအလွန်အမင်း ထိတ်လန့်နေ၏။ သို့သော် ထိုလူမှာဖြည်းဖြည်းချင်းလှည့်သွားကာအိပ်ရာဘေးမှဗီဒိုဆီသို့သွားပြီး ကုန်းလိုက်သောအခါ ရုန်ယီ ဝေခွဲမရဖြစ်သွား၏။

Mr.Rong's ချစ်မှုရေးရာ ဒိုင်ယာရီWhere stories live. Discover now