"နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ"အပိုင်း၃၁
ပန်းဂိုဏ်းသခင်ဝေ့ဝူရှန့်မှာရော မီးတောင်မိစ္ဆာဓားလက်မှာကိုင်မိသည်မှစလို့. စိတ်အာရုံပျံ့လွင့်၍မရ.
ဓားကိုမိမိသဘောစေနိုင်ရန်သာ အားပြုနေရသည် အနေအထားပြင်းထန်လွန်းလှသော ဓားကြောင့် မိမိတစ်ကိုယ်တည်းအတွင်းအားတို့ဖြင့်ပင်မနိုင်ပဲ ရှိနေခဲ့ရလျက်
နှင်းသခင်ငယ်၏ အကူအညီကိုသာ မျက်စိစုံမှိတ်လက်ခံနေရတော့သည် ယခု သူသိသည်က. ဓားကိုမြန်မြန်ထိန်းချုပ်နိုင်ရန်သာသိတော့သည်
"လန်ဝမ့်ကျီးကိုမလွတ်စေနဲ့. "
တစ်ဖက်ကအော်သံ တိုက်ခိုက်သံတို့နဲ့အတူ အမိန့်ပေးသံက ဟိန်းခနဲ
ဟန်ကွမ်ကျွင်းလေးကရော ရှိသမျှအားနဲ့တိုက်ခိုက်နေခဲ့တာပါ
သို့သော် သူ့အတွင်းအားများမှာ ဝေ့သခင်လေးဆီသို့. ပို့လွှတ်နေရမှုတို့ကြောင့် တဖြည်းဖြည်းလျော့နည်းလာရသည်
ဓားဒဏ်ရာကလဘ်း လက်မောင်းတစ်ချက် ကျောပြင်တစ်ချက် ဖြစ်နေခဲ့ပီ
လန်စစ်ကျွေးရှိနေပေလို့သာ မဟုတ်ရင်သူကြာရှည်စွာတောင့်ခံနိုင်မည်မဟုတ်ချေ
သို့ရာတွင် တစ်ဖက်မှ နတ်ဆိုးဂိုဏ်း၏ ကြောက်စရာအကောင်းဆုံး လွတ်လမ်းမရှိတိုက်ကွက်ဖြင့် တိုက်ခိုက်ရန်လတာစူလာသောနတ်ဆိုးဂိုဏ်းသားများ၏ပုံစံ
လန်ဝမ့်ကျီးသတိမပြတ်ထားရင်း ဝေ့ဝူရှန့်သခင်လေးဆီသို့သာ အတွင်းအားကို ထပ်ပို့လွှတ်ပေးနေမှိသည်
လေအဟုန်မှ ပျံဝဲလာသော နတ်ဆိုးဂိုဏ်းသားနှစ်ယောက်၏ တိုက်ချက်ကို နောက်ကျွမ်းတပတ်ပစ်၍ရှောင်ရသည်
အသင့်စောင့်နေသော ဝမ်ကျူလျှို၏ ဖမ်းဆုပ်ဖက်တွယ်မှုကို ကိုယ်ကိုနောက်သို့. ယိမ်းချလျက် ရှောင်ရသည်
ထိုသို့ယိမ်းရှောင်လိုက်စဉ် အပေါ်ဘက်မှ တည့်တည့်ထိုးချလာသည့် စွန်ကုတ်ချီသုတ်သိုင်းကွက်
ထိုသည်ကိုမြင်သည်နှင့် လန်ဝမ့်ကျီးလေးမလွတ်တော့ဘူးဆိုတာ အာရုံခံစားမိပါသည်
YOU ARE READING
နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ
Historical Fictionသိုင်းလောကရဲ့..ရှားပါးပစ္စည်း..အဖျက်စွမ်းအင်ပေါင်းများစွာနှင့်မီးတောင်မိစ္စာဓား.. ရှောင်လင်ကျောင်းမှအစပြု၍.ပြည်သူတွေမနစ်နာစေရေး.သိုင်းဂိုဏ်းပေါင်းစုံမှ..ရှာဖွေရန်ဖြစ်လာတော့... ..တာဝန်နဲ့ဝတ္တရားထက်ပိုသော.ဆက်နွှယ်မှုမြောက်မြားစွာနဲ့..ပန်းဂိုဏ်းသခင်လေးဝေ့ရ...