နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ အပိုင်း ၄၆

75 7 0
                                    

"နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ" အပိုင်း၄၆

အနောက်ပန်းမြို့တော်တွင်ဖြစ်သည် အခြေအနေတေကမတည်ငြိမ်သေး ပြည်သူတေလည်း အထိနာကုန်ကြချေပြီ

တိုက်ပွဲကား အလွန်ပြင်းထန်လှပါ၏ လေ့ယ်လောက်ကဖြစ်လိုက်တဲ့လတိုက်ခိုက်မှုများမှာ ညနေစောင့်အချိန်တွင်မှ ရပ်တန့်သည်

မိစ္ဆာဂိုဏ်းသားများ အထိနာသည် အထိနာလို့ တပ်ဆုပ်ကြတာတောင် စိန်ခေါ်မှုလေးနဲ့

ဘာတဲ့  "ပန်းသခင်လေးဘေးမှာ အမြဲရှိတတ်တဲ့ နှင်းသခင်ငယ်လေးကို မတွေ့မှိဘူးနော်  သူဘာများဖြစ်လို့လဲ "တဲ့

မိစ္ဆာအဖွဲ့ကို ယာယီဦးစီးလာတဲ့ နတ်ဆိုးဂိုဏ်းချုပ်ဝမ်ချောင် ပန်းသခင်လေးဝေ့ဝူရှန့်ရဲ့ဒဏ်ရာဟောင်းအား နတ်ဆိုးသခင်တူးဖော်ချေပြီ

မျက်ရည်တစ်စက်အံကြိတ်တစ်ချက်နှင့်ပင် တင်းခံခဲ့ရပါ၏ သူ့လက်ထဲက နှင်းပုဝါလေးအား ဖွဖွထိတွေ့မှိချိန်ဝယ်...

"ပန်းသခင်လေး "

အနားရောက်လာသော ချိုက်ရီသခင်၁ကြောင့်

"ဇီရွှမ်း ဘာများလဲ "

"ဘာမှ မဟုတ်ပါဘူး ဝေ့ရင်း မင်းကိုလာကြည့်တာပါ "

"ဟင်း...ငါအဆင်ပြေပါတယ်လ"

ပြောကာ သက်ပြင်းချနေသောကြောင့်

"ဝေ့ရင်း ရေခဲတောင်နှင်းဂိုဏ်းဆီ တစ်ခါလောက်သွားကြည့်မလား ဒီက ကိစ္စတေ ငါထိန်းပေးထားလို့ရပါတယ် "

"အာ...နေပါစေတော့ ကျင်းဇီရှမ်းလည်း နားမှမနားရပဲကို "

"ငါကဖြစ်တယ်ဝေ့ရင်းရယ် ဘေးကကြည့်ရတာ မသက်သာလွန်းလို့ပါ ဒီနေ့ကိစ္စတေကိုလည်း

လန်ရှီးချန်တို့သိပီ နှင်းသခင်ငယ်လေးအတွက် စိုးရိမ်နေကြတယ် "

"အက်း ဇီရွှမ်း ငါတစ်ခေါက်လောက်သွားကြည့်ချင်တယ် မင်းလည်းသတိထားနှင့်ပါအုံး "

"ရတယ်ဝေ့ရင်း မင်းသာသွားပါ လမ်းခရီးမှာလည်း ဂရုစိုက်ပါအုံး "

"အင်း "

ဆိုကာပင် ငိုင်နေရာမှ ချက်ချင်းထထွက်သွားတော့သည် 

နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာWhere stories live. Discover now