နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ အပိုင်း ၃၉

68 9 0
                                    

"နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ"၃၉

ရေခဲတောင်နှင်းဂိုဏ်း နှင်းသခင်လေးဟန်ကွမ်ကျွင်းထားရှိရာတံခါးရှေ့တွင်ဖြစ်သည်

"ပန်းသခင်လေး၂"

"ပြောလေ စစ်ကျွေး"

"ကျတော့်သခင်လည်း ဘယ်တော့မှနိုးလာမလဲမသိဘူးနော် "

"ဟင်း....နိုးလာမှာပေါ့စစ်ကျွေးရယ် အရမ်းလည်းစိတ်မပူပါနဲ့ "

"မပူပဲနေရမလားသခင်လေးရယ် ကျ​တော့်သခင်ကလေ ပထမဆုံးအကြိမ်တောင်အောက်ဆင်းတယ် ပြန်လည်းလာရော ဒီလိုပုံစံကြီးဖြစ်နေတာကိုး.."

"အဲလိုမတွေးပါနဲ့စစ်ကျွေးရယ် နှင်းသခင်ငယ်လေးက ကျော်ဖြတ်နိုင်မှာပါ "

"သခင်လေးမသိလို့ဒီစကားပြောတာပါ "

ထိုစကားကြောင့်ယွီပင်စဉ်းစားရပြီ အစ်ကို၁က သူ့ကိုဒီလွှတ်ထားတာ နှင်းသခင်ငယ်လေးအကြောင်း မချွင်းမချန် သူ့အားသတင်းပို့ရန် ဖြစ်သည်

တစ်ခုခုကို သူ့ကိုချက်ချင်းလှမ်းခေါ်ရန်လည်းဖြစ်သည်

"ဟင် စစ်ကျွေး ဘာကြောင့်လည်း "

ဆိုတော့ စစ်ကျွေးက မျက်ရည်များပါကျလာကာ

"အီး..ဟီး...သခင်လေးမသိဘူးမလား ကျတော့်သခင်လေ သူ့ခန္ဓာကိုယ်က ပိုပိုပီးအေးစက်လာနေပီ

ဦးရီးတော်တို့လည်း အဲတာကိုပဲ တိုင်ပင်နေကြရတာ စိတ်ပူနေကြရတာ

သူတို့တောင်စိုးရိမ်နေတဲ့အခြေအနေဆို ကျတော်ကစိတ်မပူပဲနေရတော့မလားသခင်လေးရယ်"

စစ်ကျွေးပြောတာကို နားမလည်နိုင်ရှာသောဝိမ်နင်ကဆက်၍

"နေ နေပါအုံးစစ်ကျွေးနှင်းသခင်ငယ်လေးခန္ဓာကိုယ်က ပိုအေးလာရင် ဘာဖြစ်လို့လဲ ကိုယ်သိပ်နားမလည်လို့ "

"နှင်းသခင်ငယ်လေး..သူ အီးဟီး...ကျတော်ပြောပြပါ့မယ် နှင်းဂိုဏ်းရဲ့ သခင် သခင်မကြီး တေရဲ့

နှင်းမျိုးဆက်တေက အသက်ဇီဝိန်ကြွေပန်းနီးရင် ခန္ဓာကိုယ်က တဖြည်းဖြည်း​အေးလာပီး

နောက်တော့ ရေခဲလိုထိအေးကြတယ် ရေခဲလိုထိအေးနေပေမဲ့ ခန္ဓာကိုယ်က ခဲမသွားဘူး

နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာWhere stories live. Discover now