နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ အပိုင်း ၇၂

64 5 0
                                    

"နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ"အပိုင်း၇၂
.
.
.
.
.
ဂိုဏ်းသားအားလုံးရဲ့ အိမ်ပြန်လမ်းက လှပခဲ့တယ်လို့ ဆိုရမည်ပင်

ယွင်မုန့်သခင်မလေးတေနဲ့အားချင့်က အလိုက်သိလွန်းတဲ့ ဟန်ကွမ်ကျွင်းလေးကို လက်ဆောင်ပစ္စည်းတေ ပေးလိုက်ကြတော့တယ်

ယွင်မုန့်သခင်မကျန်းရန်လီကတော့ ကြာပန်းကြာရိုးကြာစွယ်တို့က ရတဲ့ ကြာချည်ကိုမှ ဖြူစွတ်နေတဲ့

ချည်မျှင်လေးတေဖြစ်စေကာ ပြုလုပ်ထားတဲ့ ကြာပိုးဝတ်ရုံကို လန်ဝမ့်ကျီးလေးအား ပေးခဲ့ပါ၏

သူစလုပ်ကတည်းက နှင်းသခင်ငယ်လေးအတွက် ရည်ရွယ်ပီးလုပ်ခဲ့တယ်ဆိုပဲ

သူမမှာ လန်ဝမ့်ကျီးလေးအပေါ် ခဏတာပဲတွေ့ဖူးသည့်တိုင် သံယောဇဉ်ရှိကြောင်းသိသာလှ၏

ကျန်းမျန်မျန်ကလည်း နှင်းတောင်ပေါ်မှာ အေးသောရာသီ မပြတ်ရှိသဖြင့်ကျန်းရန်လီကဲ့သို့ပင် ရက်လုပ်ထားတဲ့အဖြူရောင်ခြုံထည်ကိုပေးပါ၏

ကျန်းဝမ်ချင်ကတော့ နှင်းသခင်ငယ်လေးရဲ့ ကျန်းမာရေးအတွက်ရော ခန္ဓာကိုယ်နုပျိုသန်စွမ်းစေရန်အတွက်ပါ

အထူးပြုလုပ်ထားတဲ့ အတွင်းအားအတွက်လည်းကောင်းတဲ့လအတွင်းအားတိုးဆေးကိုပေးသည်

ဒါက လန်ဝမ့်ကျီးလေးကျန်းမာရေးအတွက် အလွန်သင့်တော်ပါသည်

ကျန်းလင်ကျောင်းကတော့ နှင်းသခင်ငယ်လေးအနားယူသည့်အခါပဲဖစ်ဖြစ်ခအိပ်စက်သည့်အခါပဲဖစ်ဖြစ်

အမွှေးအိုးထဲသို့ထည့်နိုင်ရန် နှစ်ကြာရှည်ခံနိုင်စေရန် အထူးပြုလုပ်ထားတဲ့ အမွှေးနံ့သာအိတ်ကိုပေးပါ၏

အဖြူရောင် ပိုးချည်အမွှေးနံ့သာအိတ်လေးက မထိရက်စရာ နုရွလွန်းလှသည်

ယွင်မုန့်ရဲ့ အကောင်းတကာ့အကောင်းဆုံး လက်ဆောင်တွေပါပဲ

မောင်အရင်းကျန်းချန်အတွက်ပင် ထိုမျှလောက် လုပ်မပေးကြဖူးဘူးဟု ဆိုကြ၏

ထို့နောက်တော့ အားချင့်မိန်းကလေးကလည်း ဆရာမပေါက်ရှမ်းစမ်ရမ်ပေးအပ်ထားသည့်

နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာWhere stories live. Discover now