နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ အပိုင်း ၃၇

78 6 0
                                    

"နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ"အပိုင်း၃၇

"အစ္ကို၁"

ပျာပျာသလဲဝင်လာကာ ဝိမ်နင်ခေါ်တော့

"ဘာများလဲဝိမ်နင်"

""ပန်းမြို့အနောက်ဂိတ်မှာ ပြသနာအနည်းငယ်ရှိနေပါတယ်"'

"ဘာများလဲ "

"ဂိတ်သားတစ်ယောက်ကို သတ်ဖြတ်သွားကြောင်းပါ"

"ဘယ်အဖွဲ့လဲစုံစမ်းမကြည့်ဘူးလား "

"တွေ့ရှိချက်အရတော့ နတ်ဆိုးဂိုဏ်းရဲ့ဒဏ်ရာပါပဲ "

"အင်း နတ်ဆိုးတေက လက်မလျော့ဘူးပဲ"

"ဟုတ်ကဲ့အစ်ကို၁"

"ဒါနဲ့မိစ္ဆာတေရော အခြေအနေဘယ်လိုရှိလဲ "

"ဒီတလော မိစ္ဆာအဖွဲ့တေငြိမ်နေပါတယ် အစ်ကို၁"

"အင်း  ငြိမ်နေတယ်ဆိုတာ မဟုတ်သေးဘူး သတိထားနေရမယ်ဝိမ်နင် ညီ၃ကိုပါ သတိပေးထားအုံး "

ထိုစဉ် ဒေါကြီးမောကြီး ဝင်ချလာတာက လဓားဆရာလေး ရှောင်ရှင်းချန်

ဘာဖြစ်လာပြန်တာပါလိမ့်

"လဓားဆရာလေး ဘာများဖြစ်လို့လဲ "

ထိုသို့မေးတဲ့အခါမှ ပို၍ဆိုးတော့သည် လဓားလေးက မျက်ရည်တို့ပင်ကျလို့ဘ

"ပန်းသခင်လေး၁ သခင်လေး ညီက မစရမဲ့ဟာကို လာစနေတယ် "

ထိုအတိုင်စကားကြားတော့ 'ဘာတေမွှေလိုက်ပြန်ပီလဲရွှယ်ယမ်ရယ် 'လို့သာ စိတ်မှညဉ်းမိလိုက်တော့တယ်

"အယ် သူဘာများလုပ်လိုက်လို့လဲ "

"ဘာလုပ်ရမလဲ ကျတော့ပါးကိုလည်း လိမ်ဖဲ့တယ်လပီးတော့ အားလုံးပီးသွားရင် မင်းကိုလက်ထပ်မှာပါတဲ့

အဲလိုပြောပီး လူကိုလည်း အသက်ရှူကြပ်လောက်သည်ထိခဖက်ထားတာ"

ခနနားသည် ပီးမှ ဆက်ပြောပြန်သည်

"သခင်၁ရယ်..ကျန်တာနဲ့စတာဆို ကျတော်အမြဲငြိမ်ခံခဲ့ပါတယ် ခုဟာက ကျတော့်ကို ကစားစရာလို သဘောထားပီး စနေတာကြီးက အဟင့်"

ဘေးက ဝိမ်နင်ကတော့ မျက်လုံးကြီးပြူးပီး တောင့်တောင့်ကြီးရပ်လို့ သူ့အတွက်တော့ ဒါက ကိစ္စကြီးတစ်ခု

နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာWhere stories live. Discover now