နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာအပိုင်း ၃၆

79 9 0
                                    

"နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ"အပိုင်း၃၆

ပန်းဂိုဏ်းအရှင် ဝေ့ဝူရှန့်သခင်လေးအား မီးတောင်မိစ္ဆာဓားအပ်နှင်းပွဲပီးတော့..ဂိုဏ်းသခင်ကြီးများမှာ  နေရပ်အသီးသီးသို့ပြန်ကြရသည်

မဟုတ်လျှင်လမိစ္ဆာတေနတ်ဆိုးတေ ရန်က ရှိသေးသည်မလား...

နယ်တကာမြို့တကာမှာ ဆူပူသောင်းကျန်းနေသည်မှာ ပြည်သူတေမှာလဘ်း ကျီးလန့်စာစားဖြစ်နေကြသည်

ဟန်ကွမ်ကျွင်းလေးထားရှိတဲ့  အခန်းတံခါးဝမှာ တွေတွေလေးရပ်နေသည့် ဝေ့ဝူရှန့်.

သက်ပြင်းတချက်ချကာ အနားလာခဲ့တော့

"ဇယ်ဝူကျွင်း"ခေါ်ကာ အရိုအသေပေးသည်

"ဝေ့သခင်လေး နောက်ဆံတင်းနေသလား "

သူ၏အမေးကိုမဖြေပဲ လန်ဝမ့်ကျီးလေးဆီသို့သာ အကြည့်ပို့လွှတ်ကာ သက်ပြင်းမျှင်းမျှင်းချနေပြန်သည်

"မစိုးရိမ်ပါနဲ့ ဦးရီးတော်လည်းအစွမ်းကုန် ကြိုးစားမှာပါ သခင်လေးဂိုဏ်းမှာလည်း စီစဉ်စရာတေရှိတာ စီစဉ်ပါအုံး မိစ္ဆာတေ နတ်ဆိုးတေက မငြိမ်သေးဘူး"

"ဟုတ်ကဲ့ ဇယ်ဝူကျွင်း စိတ်ချပါ"

"အင်း " ဆိုတော့

"ဒါဆို သွားလိုက်ပါအုံးမယ် "

ဆိုကာ သူ၏ ဂိုဏ်းရှိရာ ပန်းမြို့တော်သို့ထွက်ခွာသွားတော့သည်

ခဏအကြာ ဦးရီးတော်ဝင်လာပြန်ရာ

"ဦးရီးတော် ကြွပါ "

သုံးယောက်သား ဝမ့်ကျီးငယ်အနားသွားကာ စစ်ဆေးကြည့်နေကြတော့သည်

"အစ်ကိုတော်  ဝမ့်ကျီးငယ် သူ"

"ဟင်း....မစိုးရိမ်ပါနဲ့ ကျိရန် သေလောက်တဲ့တိုက်ကွက်တေနဲ့ တည့်တည့်တိုးခဲ့တာတောင်

သူခုလိုအသက်ဆက်နေနိုင်သေးရင် ပြန်နိုးထလာဖို့ မျှော်လင့်ချက်တေရှိပါတယ် "

ဦးရီးတော်နှစ်ယောက်ပြောတာတေကို ဘေးကနေသာ နားထောင်နေရသည် 

ခဏအကြာ...သုံးယောက်သား ဝမ့်ကျီးငယ်ကိုဝိုင်းကာ..တူညီတဲ့အကွာအဝေးယူလျက် မှော်စွမ်းအားပို့လွှတ်ကုသပေးနေရတော့သည်

နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာWhere stories live. Discover now