နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ အပိုင်း ၇၃

69 6 0
                                    

"နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ" အပိုင်း ၇၃
.
.
.
.
.
ဇယ်ဝူကျွင်းနဲ့ဟန်ကွမ်ကျွင်းတို့ ချိုက်ရီနဲ့ပန်းဂိုဏ်းအသီးသီးသို့ ရောက်ရှိနေကြပီးဖြစ်သည်

ချိုက်ရီကို ရောက်ချင်းပင် ပန်းသခင်လေးဝေ့ဝူရှန့်က လန်ဝမ့်ကျီးအား လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်သောကြောင့်ပင်..

ဇယ်ဝူကျွင်းကတော့ အခမ်းအနားအတွက် ပြင်ဆင်စရာရှိသည်များကို
ကျင်းဇီရွှမ်းအား ကူ၍ပြင်ဆင်ပေးနေပါသည်...

ပန်းဂိုဏ်းဘက်မှာရော..

"ဝိမ်နင်သခင်လေး "

ထိုင်ငေးနေသော ဝိမ်နင်ကို နောက်မှနေ၍ လန်ဝမ့်ကျီးလေးက ခေါ်လိုက်သည်

"အော်..နှင်းသခင်ငယ်လေး ဘာများလဲ"

"သခင်လေး ဘာထိုင်ငေးနေတာလဲ.."

"ဘာရယ်မဟုတ်ပါဘူး ဒီတိုင်းပါပဲ.."

"သခင်လေး ချိုက်ရီနှစ်ပတ်လည်ပွဲနီးလာပီနော်"

"ဟုတ်ပါတယ် သခင်လေး "

လည်မလိုလိုနဲ့ အရေထူစွာ အ.နေသော ဝိမ်နင်သခင်လေးကြောင့်
လန်ဝမ့်ကျီး မနေနိုင်တော့စွာ

"သခင်လေး စစ်ကျွေးလေးကိုသွားမခေါ်တော့ဘူးလား"

တည့်ပင်မေးချလိုက်တော့မှ အံ့သြဟန်မျက်လုံးအပြူးသားနဲ့ကြည့်လာသောဝိမ်နင်

"ဟင်.."

ထပ်မေးလိုက်တော့မှ

"နှင်းသခင်လေး ကျွန်တော် အဲ့လိုသွားခေါ်လို့ရတယ်လား နှင်းဂိုဏ်းက
အပြစ်ပေးမှာစိုးရိမ်လို့"

ဆိုတော့မှ အမိန့်ပြားလေးကို ထုတ်ပေးလိုက်ကာ..

"စစ်ကျွေးက ကျတော့်ကိုယ်ရံတော်ပဲ အဲ့လောက်ဆိုရင်တော့ သခင်လေးသဘောပေါက်တော့"

ဆိုတော့မှ အမိန့်ပြားလေးကိုယူ ပျာပျာသလဲထလိုက်ကာ..

"ကျေးဇူးတင်ပါတယ် နှင်းသခင်ငယ်လေး"

ဆိုကာပင်..ဝိမ်နင်တစ်ယောက်ပျော်ရွှင်စွာ ထ.ထွက်သွားတော့သည်..

လန်ဝမ့်ကျီးလေးကတော့ ပြုံးလျက်ဖြင့်သာ.

ထိုစဉ်ပင်..သူ့နောက်နားမှ..ဝေ့သခင်လေးရောက်လာကာ..

နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာWhere stories live. Discover now