နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ အပိုင်း ၄၀

70 8 0
                                    

"နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ"အပိုင်း၄၀

ပန်းမြို့ရဲ့အနောက်တောင်ယွန်းယွန်း ကျောက်အငူအစွန်းလေးပေါ်တွင်ဖြစ်သည်...

ပတ်ဝန်းကျင်တစ်ခွင်တိတ်ဆိတ်လို့ ထိုနေရာတွင် ပန်းဂိုဏ်းသခင်လေးဝေ့ဝူရှန့်ရဲ့ သက်ပြင်းချသံကသာကြီးစိုးလျက်

ထိုစဉ်....."ဘာတေများ အဲ့လောက်စိုးရိမ်စရာရှိလို့ သက်မကြီးချရတာလဲ သခင်လေးရဲ့ "

စကားသံ..ရှင်းလင်းအောင်ပြောရရင် သူသိပ်ရင်းနှီးတဲ့အသံလေး သို့မို့ကြောင့်ဝေ့ရင်းအနောက်ဘက်ကို ချာခနဲလှည့်ကြည့်တော့

ရေခဲပွင့်လေးတေဖွာဝေနေသည့် ရေခဲနှင်းပန်းခိုင်လေးကို ကိုင်ပွေ့ကာ ရပ်နေသည့် နှင်းသခင်ငယ်လေး

တကယ်ပင် သူ့ရဲ့အသည်းအသက်လေးပါပေ...

"နှင်းလုံးငယ် နှင်းလုံးငယ်ရယ် "

ဆိုကာ အနားသွားကာ ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ မယုံသလိုလေးကြည့်နေပြန်သည်

"ဘာတေကြောင်ကြည့်နေတာလဲ သခင်လေးရယ်"

"မဟုတ်ပါဘူး ကိုယ်အံ့သြလွန်းလို့ပါ...နှင်းလုံးငယ် ဘလိုရောက်လာတာလဲဟင်"

"သခင်လေးကလည်း ကျတော်ကစိတ်ရှိတာနဲ့ရောက်နိုင်တဲ့ နတ်သားလေးပဲလေ.."

"အဟား.ဟုတ်ပါပီ နတ်သားလေးရယ် "

"အဟိ...ခစ်..ခစ်..."

"ဒါနဲ့ နှင်းလုံးလေးက. ရေခဲနှင်းပန်းခိုင်ကြီးကိုင်လို့ မအေးဘူးလား...နှင်းလုံးလေးသဘောကျရင်ပန်းမြို့က ဘယ်လိုပန်းမျိုးလိုချင်လဲ ကိုယ်ယူပေးမှာပေါ့.."

"ဟင့်အင်...ကျတော်က နှင်းတောင်က နှင်းလူသားလေးပဲလေ....ဒီရေခဲလောက်တော့ မှုပါ့မလား..သခင်ကလည်း..အဟင်း"

"ဟုတ်ပါပီဗျာ..ကဲလာပါအုံးကိုယ့်ဆီ..ကိုယ်လွမ်းနေခဲ့ရတာ..ဖက်ထားပါရစေအုံး.."

ဆိုကာ...လန်ဝမ့်ကျီးကိုယ်လေးအား..သူ့ရင်ခွင်တွင်းသို့..ဆွဲယူပစ်လိုက်သည်

ဝေ့ဝူရှန့် စိတ်ထင်တာပဲလားတော့မသိ ခလေးကိုယ်လေးက..သာမာန်ထက်ပိုအေးနေသလိုပင်...

နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာWhere stories live. Discover now