နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ အပိုင်း ၅၄

77 6 0
                                    

"နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ"အပိုင်း၅၄

အနောက်တောင်ဘက်ဆီမှ တောင်တန်းပေါ်က နေဝန်းနီနီက တောင်တန်းကြီး၏ နောက်ကျောဘက်ဆီသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့ပြီ

အလားတူပါပဲ......

ရေခဲကျောက်ကလပ်ပေါ်က ဝမ့်ကျီးငယ်လေးဘဝကလည်း ထိုသို့ပင်ခအဆုံးသတ်သွားပြီ ဖြစ်သည်....

ဘဝကိုပုံအပ်ပီး အားကိုးမှိရသူ ချစ်ရတဲ့ပန်းသခင်လေးအားပင်ခနောက်ဆုံးအဖြစ်လတွေ့မြင်သွားရခြင်းမရှိခဲ့တော့ပါချေ...

တစ်ခါတစိလေ ကြမ္မာရေစက်တို့က သိပ်ကြောက်ဖို့ကေညင်းပြန်ပါတယ်....

အဘယ်လိုပင် အောက်ကျို့၍ တောင်းဆိုစေအုံးတော့လလုံးဝပင် မျက်နှာလွှဲခဲပစ် ပစ်စလက်ခတ် လှည်ပြန်မကြည့်တော့သောအခါ..

ကံကြမ္မာဖန်တီးသလိုသာ လက်မှိုင်ချလို့ ကျေနပ်ကြရတော့သည်

နာကျင်မွန်းကြပ်မှုတို့ လျစ်လျူရှုလို့ပေါ့...

❤❤❤❤❤💔

တောအုပ်အတွင်း နေရောင်ကွယ်ပျောက်ကာ အမှောင်ထုတို့ပိုရင့်လာသည်မို့ ကြယ်တစ်လက်လက်မြင်တွေ့ရသော

နေရာတစ်ခုမှာ ခေတ္တရပ်နားစဉ်...သူ့ရင်ဘတ်ကြားက နှင်းပုဝါဖြူလေးက..လေမတိုက်ပါပဲလယူဆောင်ခံရမှု အကူအညီမရှိပါပဲ မြေပြင်သို့သက်ဆင်းသည်

သို့မို့ကြောင့် မိမိအသည်းအသက်ချစ်ရသူလေးရဲ့ နှင်းပုဝါလေးအား ဖွဖွပြန်ကောက်ယူလို့ သူ့လက်တွင်းဝယ် ညင်ညင်သာသာထားရှိလိုက်သည်

'ခလေးငယ်ရယ်...မင်းလေးက လူကိုလွှမ်းမိုးလွန်းလိုက်တာ မဆိုးရတာကြာလို့ မင်းအငွေ့အသက်လေးနဲ့ လာဆိုးနေသလားကွယ်

အဟင်း...ကိုယ်မင်းဆီ ရောက်လာတော့မှာမို့ တွေ့တော့မှသာ အဝကောက်ပစ်စမ်းပါလှည့်နှင်းလုံးလေးရေ...

ကိုယ်ရောက်ရင် မင်းထလာပီး ကိုယ့်ကိုစိတ်ကောက်ရမယ်နော် အများကြီးလည်းရန်တွေ့ရမယ်နော်

ကိုယ့်နှင်းလုံးလေးရဲ့ချစ်မျက်စောင်းလေးတေခမမြင်ရတာကြာနေပီခလေးရဲ့.

နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာWhere stories live. Discover now