နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာ မီးမိစ္ဆာ အပိုင်း ၃၃

80 9 3
                                    

"နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ"အပိုင်း၃၃

ဝင်္ကပါတော့အုပ်နှင့်အနီးစပ်ဆုံးယွင်မုန့်ကိုသာ နှင်းသခင်ငယ်လေးအားသယ်လာခဲ့ရသည်

ချစ်ရသူလေးက ခုထိငြိမ်သက်ကောင်းနေဆဲ ဖြူလွှလွှနှင်းပုဝါလေးကတော့ သူ့လက်မှာ အတိအကျနေရာယူလို့

"နိုးလာပါတော့ ဝမ့်ကျီးငယ်ရယ်"

စိတ်မှသာရေရွတ်နိုင်တော့သည်...

အားလုံးလည်းစိတ်မကောင်းကြ. ထိုင်၍သာကြည့်နေကြရသည်  ထိုအထဲတွင် လန်စစ်ကျွေးကတော့  သူ့သခင်ဘေးတွင် တချိန်လုံးထိုင်ကာ တအီအီငိုနေတော့သည်

ထို့ကြောင့်  မကြည့်ရက်တော့သော ကျင်းလင်က.

"စစ်ကျွေး လာပါ နှင်းတောင်လန်သခင်ကြီးတို့ကိုအကြောင်းကြားထားတာပဲ အစာလေးထစားပါအုံး မင်းမစားပဲနေရင် မင်းသခင်ကိုမစောင့်ရှောက်နိုင်ပဲနေလိမ့်မယ်"

ထိုသို့ချော့ခေါ်တော့မှ ထလာသည် သို့မဟုတ်လျှင် စစ်ကျွေးပါလဲတော့မည်

သို့သော် ထိုထက်ဆိုးတဲ့သူတစ်ယောက်ကတော့ ရှိသေးသည်

ပန်းဂိုဏ်းရဲ့သခင် ရေမီးနှစ်မွှာအရှင် မီးတောင်မိစ္ဆာဓားရဲ့သခင်ပါပေ

ရွှယ်ယမ်မှာလည်း အစ်ကို၁အား မည်သို့ချော့ရမှန်းပင် မသိတော့ပါချေ

"အစ်ကို အစာလေးစားလိုက်ပါအုံး "

"ထားခဲ့လိုက် ရွှယ်ယမ်"

ရွှယ်ယမ်လည်း ထမင်းဗန်းလေးအား စားပွဲပေါ်တင်ခဲ့ကာ လှည့်ထွက်လာခဲ့တော့သည်

သူတစ်ယောက်တည်း နှင်းသခင်လေးဘေးအေးဆေးနေပါစေလေ. လန်သခင်ကြီးတို့ရောက်လာမဲ့ရက်ကိုပဲ စောင့်ကြတာပေါ့ဘ

တဖက်မှာလည်း နေဓားစုန့်ကျိရန်နှင့်လဓားရှောင်ရှင်းချန်ကို ယွင်မုန့်မှာပဲ နေကြရန် တိုင်ပင်နေကြရသည်

မိစ္ဆာနတ်ဆိုးတေကို အမြစ်ပြတ်သုတ်သင်နိုင်ခြင်း မရှိသေးသ၍ အန္တရာယ်ကင်းမည်မဟုတ်ပါ 

"နေဓားစုန့်ကျိရန် လက်ခံမယ်လို့မျှော်လင့်ပါတယ်"

ယွင်မုန့်သခင်မကျန်းယန်လီရဲ့အပြောကို

နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာWhere stories live. Discover now