နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ အပိုင်း၆၈

64 5 0
                                    

"နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ"အပိုင်း၆၈
.
.
.
.
.
ဝမ်ချောင်သေသွားတော့ အားလုံးအဆုံးသတ်သွားပီပေါ့ မိစ္ဆာနဲ့နတ်ဆိုးဂိုဏ်းသားတစ်ချို့ကတော့ ဆုတ်ပြေးကြသည်

ညဥ့်မဲ့မြို့ကိုပဲဖြစ်မှာပါလေ.....

ထိုတော့မှခရင်ခွင်ထဲက ဝမ့်ကျီးလေးအား အသာလွှတ်ကာ ဒဏ်ရာရှိမရှိကြည့်ရသေးသည်

ခလေးငယ်ကတော့ သူလွှတ်လိုက်သည်နှင့် ဘယ်လက်မှာ ဆောင်ဓားရဲ့ ဓားအိမ်ကိုပေါ်လာစေကာ

ဓားအား ဓားအိမ်အတွင်းထိုးသွင်းသိမ်းဆည်းနေသေးသည်

ထိုတော့မှ ဝေ့ဝူရှန့်လည်း စိတ်ချသွားကာ ဂိုဏ်းသခင်ကြီးများမှာလည်း ဝေ့ဝူရှန့်နဲ့လန်ဝမ့်ကျီးရဲ့ပူးပေါင်းတိုက်ကွက်ကြောင့်

သူတို့နှစ်ယောက်ရဲ့လအတွဲညီညီချိတ်ဆက်ဆက်နွှယ်မှုကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ကြရမှ

အံသြချီးမွှမ်းဖြစ်ကုန်ကြတော့သည်

သူတို့ကြားသိရမှုနဲ့ လက်တွေ့မြင်ရမှုမှာ အားလုံးက အံသြမှုတို့ဖြင့် ချီးမွှမ်းမဆုံးကြတော့ပေ

"အကြားနဲ့အမြင် ညီလိုက်တာ" ဟုဘအားလုံးကထောက်ခံကြသေးသည်

"တကယ်ကိုပဲ နတ်ဖက်ထားတဲ့အတွဲညီသိုင်းသမားတေပါပဲ"လို့ ချီးမွှမ်းသူလည်း ရှိသေး

"ဝေ့သခင်လေးနဲ့ လန်ဝမ့်ကျီးကလတကယ့်ကောင်းကင်ဆန္ဒအရ မွေးဖွားလာတဲ့ လူသားနှစ်ဦးပါပဲ"..တဲ့ လေ

ထိုသို့ချီးမွှမ်းမှုများကိုလဝေ့ရင်းတစ်ယောက်သတိမထားနိုင် သူ့ခလေးငယ် မျက်နှာအား အစဉ်တစိုက်ကြည့်နေရာ

မျက်ခုံးလေးအနည်းငယ်ခတွန့်ချိုးထားမှုကြောင့် စိုးရိမ်သွားရကာ ပုခုံးနှစ်ဖက်မှခဆုပ်ကိုင်ကာ သူ့ဘက်သို့မျက်နှာချင်းဆိုင်စေလျက်

"နှင်းလုံးငယ် ဘာဖြစ်တာလဲ ဘယ်နားနေမကောင်းတာလဲ"

ဆိုတော့မှ ဆွဲလှည့်ခံလိုက်ရသော လန်ဝမ့်ကျီးလေး သတိကပ်လာရကာ

"အာ...သခင်လေး ကျွန်တော်ဘာမှမဖြစ်ပါဘူး တစ်ခုစဉ်းစားမှိလို့ပါ "

နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာWhere stories live. Discover now