"နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ" အပိုင်း ၅၆

84 9 0
                                    

"နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ"အပိုင်း၅၆
.
.
.
.
.
ပန်းသခင်လေးဝေ့ဝူရှန့်ကတော့ ပြန်လည်ရောက်ရှိလာတဲ့ခန္ဓာကိုယ်လေးအား ခြေမကိုင်မှိလက်မကိုင်မှိသလို ငုံ့မိုး၍ ကြည့်နေမှိတော့သည်

"ခလေးရယ် နှင်းလုံးငယ်ရယ် မင်းပြန်လာတယ်နော် မင်းကိုယ့်ဆီပြန်လာတယ်နော် ကိုယ်ဝမ်းသာလိုက်တာခလေးရာ"

ထိုသို့ပြော၍ လန်ဝမ့်ကျီးလေး လက်ကလေးကိုဖွဖွဆုပ်ကိုင်လို့ နဖူးမှဆံနွယ်စလေးအား ဖွဖွလေးသပ်ပေးလို့

မျက်နှာလေးအား မထိရက်ထိရက်ဖြစ်နေတော့သည်

ထိုစဉ် လန်ဝမ့်ကျီးလေးမျက်လုံးအိမ်အတွင်းမှ စီးကျလာတဲ့မျက်ရည်ကြည်လေးတေ

"မငိုပါနဲ့ နှင်းလုံးငယ်ရယ် မင်းဘာကြောင့်မျက်ရည်ကျရသလဲ ခုအားလုံးပီးဆုံးသွားပီလေ

ကိုယ်မင်းဆီရောက်နေပီလေ ဝမ့်ကျီးငယ်ရဲ့"

ဆိုကာ သတိမရလာသေးသော ဟန်ကွမ်ကျွင်းလေးအား စကားတတွတ်တွတ်ပြောနေတော့သည်

ဦးရီးတော်၁က ပန်းသခင်ရဲ့ပုခုံးလေးအား ပုတ်ပေးကာ ဦးရီးတော်၂ကတော့

"ပန်းသခင်လေး ပင်ပမ်းနေပါပီ နားပါအုံး နားနေဆောင်ဆီသွားလိုက်ပါ"

ဆိုတဲ့စကားကို

"အားနာလှပါတယ် ဦးရီးတော်တို့ တောင်းဆိုပါရစေ ဒီရေခဲဂူလေးထဲမှာပဲ ဝမ့်ကျီးကိုအဖော်ပြုပီး နေပါရစေလား"

လို့သာ ပွင့်လင်းစွာ တောင်းဆိုတော့၏

သို့မို့ကြောင့် ဦးရီးတော်တို့မှာ ခေါင်းငြိမ့်လိုက်ကြရသည်

လန်ရှီးချန်ကတော့ ခုမှ အားလုံးကိုစိတ်ချသွားရသည့်နှယ် သက်ပြင်းလေးခပ်မျှင်းမျှင်းချ၍ အပြုံးနုနုလေးနေရာယူတော့သည်

ထိုစဉ်တွင်ပင်

"သခင်လေး "

ခေါ်သံလေးက ရေခဲကျောက်ကလပ်ပေါ်မှ ဟန်ကွမ်ကျွင်းလေးဆီက

ထိုခေါ်သံနှင့်မရှေးမနှောင်းပင် လန်ဝမ့်ကျီးလေးက မျက်လုံးအိမ်လေးလှုပ်ရီားလာကာ ဖွင့်ဟလာသည်

နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာWhere stories live. Discover now