နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ အပိုင်း ၆၁

76 6 0
                                    

"နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ"အပိုင်း၆၁
.
.
.
.
.
"သခင်လေး "

"နှင်းလုံးငယ် ဘာဖြစ်လို့လဲ "

"ဒီတစ်ခါ ကျွန်တော်အိပ်ပျော်သွားတာ ဘယ်လောက်ကြာလဲဟင်"

"အင်....နှစ်ရက်တည်းပါဝမ့်ကျီးရဲ့ "

"အော် "

"ခုရော နေရတာအဆင်ပြေရဲ့လား "

"ပြေပါတယ် သခင်လေးရယ်"

သူတို့နှစ်ယောက်စကားပြောနေစဉ် ကိုယ်ရံတော်စစ်ကျွေးက ဗန်းလေးကိုင်ကာ ဝင်လာသည်.

"ပန်းသခင်လေး၁ နှင်းသခင်လေးအတွက် စွတ်ပြုတ်ရပါပီ "

"အင်း စစ်ကျွေး "

"သခင် ဘာများခိုင်းစရာရှိသေးလဲ"

"မရှိပါဘူး စစ်ကျွေးရယ် မင်းလည်းနားပါအုံး"

"ဟုတ်ကဲ့ "

ဆိုကာပြန်လည်ထွက်ခွာသွားတော့သည်

ထိုအခါမှ

"နှင်းလုံး ဒါလေးသောက်လိုက်နော် "

ဆိုကာ ဇွန်းလေးနဲ့ ခပ်၍ အအေးခံကာ တိုက်နေသောကြောင့် လန်ဝမ့်ကျီးလေး အဆင်ပြေစွာ သောက်နိုင်သည်​ပေါ့

"သခင်လေး"

စားနေရင်းမှခေါ်လာသည်ကြောင့်

"ပြောလေ ဝမ့်ကျီး "

"ဟို ကျွန်တော် ခုလို ဖြစ်နေတဲ့အတောအတွင်း အပြင်လောကမှာ ဘာတေဖြစ်ကုန်ပီလဲဟင်"

"အော်  ဝမ့်ကျီးက ဒါသိချင်တာကိုး အင်း အားလုံးဗြောင်းဆန်ကုန်တာပေါ့

ခုဆိုရင် မိစ္ဆာတေနတ်ဆိုးတေက ပူးပေါင်းလိုက်ကြပြီ ကိုယ့်ဆီကမီးတောင်မိစ္ဆာဓားနဲ့ မင်းဆီက တိမ်နှင်းလွှာလျှိုခွဲဓားကို

ပြန်လုယူဖို့အတွက် သူတို့တွေ စီစဉ်နေကြလေရဲ့

ကိုယ်ဒီကိုလာတော့တောင် သူတို့တေ လမ်းမှာတားပီး လိုက်တိုက်ခိုက်ကြသေးတယ်

အဲ့ဒါကြောင့် ကိုယ်အရောက်နောက်ကျခဲ့ရတယ် တော်သေးလို့ ကိုယ့်ရဲ့နှင်းလုံးလေးကို ကိုယ်ဆုံးရှုံးရတော့မလို့"

နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာWhere stories live. Discover now