နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ အပိုင်း ၇၉

102 8 0
                                    

"နှင်းဧကရာဇ်နျင့်ရေမီးနှစ်မွှာမီးမိစ္ဆာ"အပိုင်း၇၉
.
.
.
.
.
ထိုနေ့ကအခမ်းအနားပီးလို့ နားနေဆောင်လုံးချင်းအိမ်လေးထဲကို ပြန်ရောက်ကတည်းက ခုညနေစောင်းသည်အထိ ဝေ့ဝူရှန့်မှာ စိတ်ထဲကမကြည်

ဟိုမင်းသမီး၃က ချစ်ရသူလေးကို ပြသနာရှာလို့ ဒေသထွက်နေရတဲ့ကြားထဲ လာနှစ်သိမ့်တောင်းပန်တဲ့ မင်းသား၃ကပါ

သူ့ခလေးငယ်ကို မျက်လုံးကြီးပေါက်ထွက်မတတ်ကြည့်နေသောကြောင့်ပင်

"အရှင်.."

သူဘယ်လောက်အတွေးများနေသည်မသိ လန်ကျန့်လေးသူ့အားလာခေါ်တော့မှ အသိဝင်လာတော့သည်

"ပြောလေ ဝမ့်ကျီးငယ် "

"အရှင် ဘာဖြစ်လို့လဲဟင် အရှင့်ကိုကြည့်နေတာ စိတ်နဲ့လူနဲ့မကပ်ဘူး"

"နှင်းလုံးငယ် "

"ဗျာ"

"ကိုယ့်ကိုချစ်တယ်မလားဟင်"

"အရှင် "

"ဖြေပေးနှင်းလုံးငယ်"

"ချစ်တယ် အသက်ထက်မြတ်နိုးမှုနဲ့ကိုချစ်တာ ပီးတော့အရှင်ဘာဖြစ်နေတာလဲ"

ထိုစကားအဆုံး

"ကိုယ် နှင်းလုံးငယ်လေးကိုစိတ်မချလို့"

ဆိုကာ ရင်ခွင်ထဲတင်းကြပ်စွာဆွဲသွင်းတော့သည်

'အရှင်ရယ်..အဲလောက်စိတ်ပူရသလားဗျာ'

လန်ဝမ့်ကျီးလေး စိတ်မှရေရွတ်ရသည်အထိ

..ထိုစဉ်ပင် တံခါးခေါက်သံကြောင့် ပြန်ထူးလိုက်တော့မင်းသား၃က ဆွေးနွေးစရာရှိသည်မို့ဂိုဏ်း​ခေါင်းဆောင်များကိုစုဝေးဖို့ခေါ်လိုက်သည်ဆိုပဲ

"လာခဲ့ပါ့မယိ"

ဆိုကာ ပြောလိုက်ရသည်

ခလေးငယ်ကတော့ သူ့အစိကိုတော်ရှိသည်မို့ သွားရန်မလိုပေ

ပီးတော့နေလို့ကလည်းကောင်းတာမဟုတ်

"နှင်းလုံးငယ် "

"အရှင်"

"နေရစ်ခဲ့အုံး ကိုယ်ပြန်လာမှ ညစာစားပီးဆေးသောက်ရအော်နော်"

နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာWhere stories live. Discover now