နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ အပိုင်း ၄၅

74 9 0
                                    

"နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ"အပိုင်း၄၅

ပန်းဂိုဏ်းသခင်​လေးရွှယ်ယမ်နဲ့ လဓားဆရာလေးရှောင်ရှင်းချန် ယွင်မုန့်မြို့သို့ ပြန်ရောက်နေကြသည်

ဝေ့ဝူရှန့်ရဲ့ရှင်းပြချက်အဆုံး သူတို့နှစ်ယောက်က ယွင်မုန့်မှာတာဝန်ကျသည်

နားနေဆောင်ထဲမှာ ရွှယ်ယမ်တစ်ယောက်တည်း ရှိနေစဉ် ဝင်လာသူက ယွင်မုန့်သခင်လေးကျန်းချန်

"ပန်းသခင်လေး၃ နေရတာအဆင်ပြေရဲ့လား"

"အာ..ဟုတ် ပြေပါတယ် ရွှယ်ယမ်လို့သာခေါ်ပါ "

"ဟုတ်ပါပီ ကျွန်တော့်ကိုလည်း ကျန်းချန်လို့သာခေါ်ပါ "

"ကောင်းပါပီ "

ထိုစဉ် ထပ်ဝင်လာသူက လ္ဘက်ရည်ကြမ်းအိုးရယ် စားစရာတစ်ချို့ရယ် ဗန်းလေးတစ်ခုနဲ့ သယ်ပီး ထည့်ယူလာတဲ့ လဓားဆရာလေး ရှောင်ရှင်းချန်ပင်

"အာ..လဓားဆရာလေး ရွှယ်ယမ့်ဆီလာပို့တာလား "

"အင်း.ဟုတ်ပါတယ် အဟင်း ပြောနေကြတာကြားပါတယ် အားလုံးလည်းရင်းနှီးနေကြပီကို ကျွန်တော့်ကိုလည်း ရှင်းချန်လို့ပဲ ခေါ်နိုင်ပါတယ် "

"အာ..ကောင်းပါပီ အဲဒီလိုဆို သခင်လေးနှစ်ယောက် အနားယူပါ  ကျိရန်နဲ့ သွားပီး တိုင်ပင်လိုက်ပါအုံးမယ် "

"အာ..ဒီလိုတော့ဘယ်ဟုတ်ပမလဲ  အစ်ကို၁ လွှတ်ထားတာကိုက ကိစ္စတေကို ကူညီဖြေရှင်ူဖို့လေ ကျွန်တော်တို့လည်းလိုက်ပါ့မယ်"

"ဒီလိုဆို သွားကြတာပေါ့ "

ဆွေးနွေးခန်းမထဲမှာတော့...

"ဒါဆို ဖြစ်နိုင်ချေက နတ်ဆိုးဂိုဏ်းအဖွဲ့ပါ မိစ္ဆာအဖွဲ့နဲ့ ပူးပေါင်းထားတဲ့သဘောပေါ့ "

စုန့်ကျိရန်က မေးတော့ ကျန်းချန်မှာ

"ဟုတ်ပါတယ် အဖြစ်က ကျွန်တော်တို့ယွင်မုန့် တစ်ခါအဝိုင်းခံရပီးမှ ပိုသေချာသွားတာ

ဝေ့သခင်လေးပြောပြချက်အရဆို မိစ္ဆာနဲ့နတ်ဆိုး ပူးပေါင်းနေကြောင်းအထင်အရှားပဲ "

"ဒါဆို ကျွန်တော်တို့ ရင်ဆိုင်ရတဲ့အခါ အခက်အခဲတေရှိလာနိုင်တယ် "

နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာWhere stories live. Discover now