နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ အပိုင်း၃၈

68 8 0
                                    

"နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ"အပိုင်း၃၈

ဝိမ်နင်ကတော့ ရေခဲတောင်နှင်းဂိုဏ်းဆီထွက်ခွာသွားလေပြီ...ညီ၂ လာပါမည့်အကြောင်းဇယ်ဝူကျွင်းအားလည်း စာပို့ထားပီးဖြစ်ပေသည်

သူကတော့ ခုတလောသောင်းကျန်းဆိုးသွမ်းနေသော တောပုန်းဓားပြတို့အား ရှင်းလင်းတိုက်ထုတ်ရပေအုံးမည်

"ဝမ့်ကျီးငယ်ရေ. မင်းကတော့ကောင်းစွာအနားယူအိပ်စက်နေပါကွယ် မင်းနိုးထလာတဲ့အခါ ဒီလိုဒုက္ခတေနဲ့ရင်မဆိုင်ရစေချင်တော့ဘူး "

စိတ်၌သာရေရွတ်ခြင်းတို့ဖြစ်တည်လျက်

"အစ္ကို၁ "

"ဘာများလဲ ရွှယ်ယမ် "

""ချိုက်ရီကျင်းဂိုဏ်းက ကျင်းဇီရွှန်းသခင်လေးရောက်ရှိလာပါပြီ "

"အင်း သိပီရွှယ်ယမ် "

ဆိုကာ ဧည့်တွေ့ဆောင်ဘက်ထွက်လာခဲ့လိုက်သည်

"အား ပန်းသခင်လေး "

ဆိုကာ ထနှုတ်ဆက်တော့

"ထိုင်ပါ ကျင်းသခင်လေး "

"ကျင်းသခင်လေးရေ ကိစ္စတေကတော့ ထင်သလောက်မရိုးရှင်းတော့ဘူး "

"ပြောပါ သခင်လေး "

"ခုရက်ပိုင်း သခင်လေးတို့ ချိုက်ရီမြို့ဘက်နဲ့လကျတော်တို့ပန်းမြိုးတဝှိုက် တောပုန်းဓားပြတေ သောင်းကျန်းတဲ့ကိစ္စနဲ့ပတ်သက်ပီး ကျတော်တော့ သိပ်မသင်္ကာဘူး "

"အင်း ကျတော်လည်း အဲ့တာပဲ ခေါင်းခြောက်နေတာ "

"အရင်က ခုလိုတေ မဖြစ်ခဲ့ဖူးပါဘူး မိစ္ဆာနဲ့ နတ်ဆိုးရန်ကိုပဲ စိတ်ပူခဲ့ရတယ် ခုဟာက ပြည်သူတေဆီကပါ လုယက်ကြတယ်ဆိုတော့ "

"ဟုတ်တယ် ပန်းသခင်လေး ကျတော့မြို့မှာဆို တောင်ဘက်ဂိတ်က စပါးကျီကိုဝင်စီးသွားတယ် "

"အဲ့တာကြောင့် ပြောတာပေါ့ကျင်းသခင်လေး ဒါသာမာန်ဖြစ်ရိုးဖြစ်စဉ်ကို ဟုတ်မနေဘူး "

"ပန်းသခင်လေးက ဘယ်လိုထင်လို့လဲ "

"ကျတော့်အထင် တောပုန်းဓားပြဟန်ဆောင်ထားတဲ့ နတ်ဆိုးဂိုဏ်း ဒါမှမဟုတ် မိစ္ဆာဂိုဏ်းတစ်ခုခုကပဲ "

နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာWhere stories live. Discover now