နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ အပိုင်း ၅၃

71 6 0
                                    

"နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ"အပိုင်း၅၃

စုဝေးစင်မှာ ဆွေးနွေးလို့ပီးကြတော့ ဖိတ်လျံသခင်၁နွဲ့မင်ကြွယ်(ရှီဖုန်းကျွင်း)ကမေးလာတယ်

"ရှီးချန် ဝမ့်ကျီး.သူ..အဆင်ပြေပါရဲ့လား"

"ဟင်း...အစ်ကိုမင်ကြွယ် ခုလက်ရှိကတော့ ဝမ့်ကျီးငယ်အတွက် အရမ်းခက်ခဲတယ်လို့ ပြောရမလိုပါပဲ

မျှော်လင့်ချက်မရှိတော့မှာ စိုးရိမ်ရပါတယ်"

"အို...ရေခဲတောင်သခင်ကြီးမှာ နည်းလမ်းရှိမယ်ထင်ခဲ့တာ"

"နောက်ဆုံးကြီးတစ်မျှင်တော့ ရှိမှာပါလေ ပန်းသခင်လေးသာ ညီငယ့်ဆီ အမြန်ရောက်သွားပါစေ"

"အင်း..."

ရှီးချန်အား အင်း တစ်လုံးလိုက်ကာ ခေါင်းငြိမ့်၍ပင် အဖြေပေးဖြစ်တော့သည်

တကယ်ဆို ညီငယ်လေးက သေရေးရှင်ရေးဖြစ်နေချိန်မှာ သူကတော့ စုဝေးစင်ဆီ တာဝန်အပြည့်နဲ့ ရောက်ရှိလာရသည်

ရေခဲတောင်ရဲ့ ကျောက်စိမ်းနှစ်ဆူလို့ အများကတင်စားခေါ်ဝေါ်ကြတဲ့ သူ့ရဲ့ညီငယ်လေးက ဘက်ပဲ့နေတဲ့အခါ သူဘယ်လိုအားတင်းပီး နေနေရပါလိမ့်

လူကသာ တည်ငြိမ်နေပေမဲ့ သူ့ညီငယ် သေမင်းနဲ့စစ်ခင်းနေရချိန် သူကတော့ ဝတ္တရားမပျက်ရှိနေရတဲ့

လန်ရှီးချန်ရဲ့ ရင်တွင်းအပူကို ရှီဖုန်းကျွင်း ခံစားလို့ ရနေပါသည်လေ

အဝေးတနေရာကို အကြည့်ပို့လွှတ်နေတဲ့ လန်ရှီးချန်ကိုကြည့်၍ ရှီဖုန်းကျွင်း သက်ပြင်းသာ ချလိုက်ပါတော့သည်

ရှီးချန် စိတ်သက်သာရာရပါစေလေ....

💔💔💔💔

လှုပ်ရှားစရာတစ်ခုခုကြောင့် အားကြိုးမာန်တက် ဆောင်ရွက်နေရလို့ အချိန်ကုန်တာမြန်နေပေမဲ့

ထိုင်စောင့်နေရသူအဖို့တော့ အချိန်တွေဟာ ကြန့်ကြာလွန်းလှစွာ...

အဲ့လိုပါပဲလေ.....

ပန်းသခင်လေးအလာကို နှင်းသခင်ငယ်လေးကိုယ်စား မျှော်တမော့မော့လည်တရှည်ရှည်နဲ့လစောင့်စားနေရသူတို့ရင်ထဲမှာတော့

နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာWhere stories live. Discover now