နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ အပိုင်း ၄၄

73 9 0
                                    

"နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ"အပိုင်း၄၄

လန်ဝမ့်ကျီးခန္ဓာကိုယ်လေးအား ရေခဲဂူသို့ပို့ဆောင်ထားပြီဖြစ်သည်

အောက်က ရေခိုးရေငွေ့တေ လှိုင်ထအောင် ထွက်နေတဲ့ ရေခဲကျောက်ကလပ်လေးပေါ်တွင် လှဲလျောင်းအိပ်စက်နေတဲ့ နှင်ရုပ်လေးအလား

ဟန်ကွမ်ကျွင်းလေးက ငြိမ်သက်လွန်းလျက် နှင်းငွေ့တေရေငွေ့တေကြား လန်ဝမ့်ကျီးကိုယ်လေးကနစ်မြုပ်လို့

"ပန်းသခင်လေး၂"

"ပြောပါ နှင်းသခင်၁"

"ဒီနေ့ဆို ဝမ့်ကျီးငယ် ရေခဲဂူပြောင်းရွှေ့ထားတာတောင် ၃ ရက်ရှိနေပီ "

ပြောလာတော့ ဘေးက စစ်ကျွေးရော သူရော ပြန်မဖြေမှိတော့ပဲ ခေါင်းသာငြိမ့်မှိကြသည်

"ဒါနဲ့ ဝေ့သခင်လေးဆီကရော ဘာသတင်းရသေးလဲ "

"ဘာမှကိုအကြောင်းမထူးသေးပါဘူး ညီ၃ဆီစာလွှတ်တာတော့ အစ်ကို၁နဲ့ ချိုက်ရီသခင် ကျင်းဇီရွှမ်းတို့

ဂိုဏ်းထဲမှာ အရေးကြီးကိစ္စအတွက် နေ့မနားညမနား ဆွေးနွေးနေကြတယ်လို့ သိရပါတယ် "

"အင်း ဝေ့သခင်လေး သူ...အရမ်းခက်ခဲနေလို့ပဲ ဝမ့်ကျီးငယ်ဆီ ရောက်မလာနိုင်တာဖြစ်မှာပါ "

သူတို့ထိသို့ပြောနေကြစဉ် ရေခဲကျောက်ကလပ်ပေါ်ရှိ နှင်းမှုန်နှင်းငွေ့တေကြား အိပ်စက်နေတဲ့လူသားလေးမျက်ဝန်းအိမ်ထက်က

မျက်ရည်စက်လေးတေ နားသယ်စပ်ဆီ ဖြတ်ပြေးသွားတာကိုတော့ ဘယ်သူမှသတိမထားလိုက်မှိကြချေ

တစ်ဖက်မှာရော ဝေ့ဝူရှန့်နဲ့ကျင်းဇီရွှမ်း မိစ္ဆာဂိုဏ်းအား အပြတ်ဖြိုကြရန် တိုင်ပင်ဆွေးနွေးနေရာမှ ယွင်မုန့်ကျန်းဂိုဏ်းက စာပို့ရောက်ရှိလာသည်

အကြောင်းကတော့ ယွင်မုန့်ဘက်မှာ အခြေအနေမတည်ငြိမ်ဖြစ်နေကြောင်းပင်

"ဘာတဲ့လဲ ဝေ့သခင်လေး "

ကျင်းဇီရွှမ်းအမေးကို အကြောင်းစုံရှင်းပြလိုက်တော့

"ဒါ မူသိပ်မမှန်သလို ခံစားရတယ် "

"ဒါပေါ့ မူမမှန်ဘူး ဘာလို့လဲဆိုတော့ မိစ္ဆာအဖွဲ့သားတေက ဒီဘက်မှာလေ ယွင်မုန့်ဘက်မှာ ရှိနေနိုင်တာ ဝင်္ကပါတောင်ကအပြန်ဝင်ရောက်တဲ့ နတ်ဆိုးဂိုဏ်းသားတေပဲဖစ်မှာပေါ့ "

နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာWhere stories live. Discover now