နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ အပိုင်း၆၉

64 5 0
                                    

"နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ"အပိုင်း၆၉
.
.
.
.
.
ဂိုဏ်းငါးဂိုဏ်းက ဂိုဏ်းသားများနဲ့မိစ္ဆာနတ်ဆိုးတို့ အပြန်အလှန်သတ်ပုတ်ကြလို့

ညဥ့်မဲ့မြို့အဝင်တံခါးမှာ တိုက်ခိုက်သံတို့ဖြင့်ဆူညံနေတော့သည်

မိစ္ဆာဂိုဏ်းသားများ ဆုတ်ရင်းဆုတ်ရင်းနဲ့ တံခါးဖွင့်၍ပင် ဆုတ်ကြတော့ ထိုဆုတ်သည့်နောက် အလုံးအရင်းဝင်လိုက်ကြသော ဂိုဏ်းသားများ

သို့သော် သူတို့၏ နောက်မှခထပ်၍ပေါ်လာသော မိစ္ဆာနတ်ဆိုးဂိုဏ်းသားများကြောင့် အားလုံးကြက်သေ သေကုန်ကြတော့သည်

"ထောင်ချောက်ပဲ သခင်လေး"

ဟန်ကွမ်ကျွင်းအပြောကို

"ဟုတ်တယ် ဝမ်ရိုဟန်ရဲ့ထောင်ချောက်ထဲ ဝင်လာမှိတာပဲ"

ဝေ့သခင်လေးက ဆိုပြန်တော့

"ဝေ့သခင်လေး ဘယ်လိုသဘောရလဲ "

"ဟင်း...ဇယ်ဝူကျွင်း ဝမ်ရိုဟန်ထွက်လာပီ"

ဝေ့ရင်းပြောလိုက်တော့မှ အားလုံးကြည့်မှိလိုက်ကြတော့သည်

"ဂိုဏ်းငါးဂိုဏ်းလုံးက ခေါင်းဆောင်တေ အစုံအလင်ရောက်ရှိလာပါ့လား

ကျွန်တော်ဖိတ်ခေါ်မထားတော့ ဧည့်ခံဖို့အတွက် မစီစဉ်ထားမှိလို့ သိမ်ငယ်မှိပါတယ်"

မိစ္ဆာဂိုဏ်းချုပ်ဝမ်ရိုဟန်က ထိုသို့ပြောတော့

"ဟင်း..ဝမ်ရိုဟန် ခင်ဗျားရဲ့ကြိုဆိုမှုက အားရစရာပါပဲ ဘာအတွက်သိမ်ငယ်နေတာလဲ"

"ပန်းသခင်လေး ဒီလိုပြောတော့ အားမနာတော့ဘူး တစ်ခုတောင်းဆိုလိုက်မယ်လမီးတောင်မိစ္ဆာဓားကိုငါ့ကိုအပ်ပါ"

"သိပ်လိုချင်နေရင် ကိုယ်တိုင်လာယူလိုက်လေ ဝင်္ကပါတောကတည်းက တစ်လျှောက်လုံး

မျက်နှာလေးတောင်မပြရဲပဲ ပြေးနေတာ ဘယ်သူများလဲ ဟား ဟားဟား"

ဝေ့ဝူရှန့်က ထိုသို့ပင် ခနဲ့လိုက်တော့

"သနားလို့ အလွှတ်ပေးထားတာကို မောက်မာနေတယ်ပေါ့ ဒီနေ့

မီးတောင်မိစ္ဆာဓားနဲ့ တိမ်နှင်းလွှာလျှိုခွဲဓားက ငါ့အတွက်ပဲ ဖြစ်ရမယ်"

နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာWhere stories live. Discover now