နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ အပိုင်း ၄၃

71 7 0
                                    

"နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ"အပိုင်း၄၃

ရေခဲတောင်နှင်းဂိုဏ်းရဲ့ ကျောက်စရစ်နှင်းဖြူရေကန်ဘေးတွင်

"ပန်းသခင်လေး၂"

"ပြောပါ နှင်းသခင်လေး "

"စစ်ကျွေးလို့သာ ရင်းရင်းနှီးနှီးခေါ်ပါ"

ဆိုတော့ ဝိမ်နင်ခေါင်းငြိမ့်ပြလိုက်သာ်

"စစ်ကျွေး ဒီရေတံခွန်က ရေကန်လေးက အရမ်းသာယာတာပဲနော် "

"ဟုတ်တယ်သခင်လေးရဲ့ ဒီနေရာလေးက ကျွန်တော့်သခင် ရေခဲတောင်နှင်းဂိုဏ်းမှာရှိရင် လာနေကျနေရာလေး "

ိစိတ်ကြည်လင်စေလိုလို့ စကားစလိုက်ကာမှ သူ့သခင်ငယ်ကို သတိရသွားသောစစ်ကျွေးကြောင့် ဝိမ်နင်ဘယ်လိုလုပ်ရမှန်းပင်မသိ

သူ့သခင်ထားရှိတဲ့အခန်းရှေ့ကနေမခွာပဲနေလို့. ရေခဲတောင်နှင်းဂိုဏ်းရဲ့သာယာတဲ့နေရာတေကို လိုက်ပြပေးပါရန်တမင်တောင်းဆိုခဲ့တာက ကိုယ်ရံတော်လေးစိတ်သက်သာရာရဖို့ပင်

"စစ်ကျွေး "

"ပြောပါသခင်လေး "

"ိုဟိုလေ မပြောသင့်ပေမဲ့လေ အရမ်းလည်းစိတ်မပူပါနဲ့လား စစ်ကျွေးက ဒီလိုဖြစ်နေတော့ ကျတော်လည်းစိတ်မကောင်းလို့ပါ "

"သခင်လေးကို စိတ်မကောင်းဖြစ်စေမှိပြီ "

"ဟို အဲ့လိုသဘောပြောတာမဟုတ်ဘူးစစ်ကျွေးရယ် ကျတော် "

"နားလည်ပါတယ် သခင်လေးရယ် "

ဆက်၍ နှစ်ယောက်သား ဘာစကားမှမပြောဖြစ်ကြပဲ အကြည့်ချင်းဆုံကာ ပြုံးမှိလိုက်ကြသည်

"အဲ့လိုလေး ပြုံးနေပါစစ်ကျွေးရယ် မင်းငိုင်နေရင် ကိုယ်စိုးရိမ်ရလွန်းလို့ပါ "

ထိုအပြောကို စစ်ကျွေးတစ်ယောက် ခေါင်းလေးငုံ့ကာပင်နာခံမှိသည်

"လာပါ သခင်လေး ကျတော်ဟိုဘက်လိုက်ပြပါ့မယ် "

ဆိုကာ ရေခဲတောင်ခြေဆီခေါ်ခဲ့လိုက်တော့သည်

"စစ်ကျွေးတို့နေရာက အရမ်းသာယာတာပဲနော် "

"ဟုတ်တယ် သခင်လေးရဲ့ ဒီနေရာက ကျတော့်သခင်သိုင်းကျင့်နေကျနေရာလေး "

နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာWhere stories live. Discover now