နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ အပိုင်း ၆၆

59 5 0
                                    

"နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ"အပိုင်း၆၆
.
.
.
.
.
ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလိုပါပဲ....

ဝေ့ဝူရှန့်နဲ့ လန်ဝမ့်ကျီးတို့တပ်ဖွဲတေ နဲ့ မိစ္ဆာနတ်ဆိုးတေ နဲ့ မရဏလမ်းဆုံမှာ တည့်တည့်ကိုတိုးမှိကြသည့်အဖြစ်

"တိုက် " ဆိုတဲ့ အမိန့်ပေးသံအောက် တစ္ဆေစိမ်းကုန်းနဲ့ သင်္ချိုင်းတောင်ကုန်းတို့အလယ်က မရဏတောင်ကြားသို့သွားရာ လမ်းဆုံကတော့

ဓားချင်းထိသံ ညဉ်းတွားသံ မာန်တင်းသံတို့ဖြင့် ဆူညံနေတော့သည်

တစ်ဖက်ကရင်ဆိုင်နေရသူမှာ နတ်ဆိုးဒုဂိုဏ်းချုပ် ဝမ်ကျူလျှိုပင်

ဟန်ကွမ်ကျွင်းလေးက မြင်သည်နှင့်အံကိုတင်းတင်းကြိတ်လျက်

"ရို့. နှင်းသခင်အငယ်လေးက အသက်ပြင်းလှပါလား ဟားဟားဟား"

သို့ဖြင့် စိတ်ဆွနေသောဝမ်ကျူလျှို

ဟန်ကွမ်ကျွင်းကတော့ ဘာမှပြန်မပြော အံကြိတ်လို့သာကြည့်နေသည်

ဘေးကဝေ့ရင်းကတော့ သူ့ခလေးငယ်ကို ကာကွယ်ရန်သာ စိတ်စောနေပါသည်

"ကဲပါ အပိုမပြောတော့ဘူး လန်ဝမ့်ကျီး မင်းရဲ့ဓားကို ငါ့ကိုအပ်လိုက်ပေါ့ ဒီတစ်ခါတော့ သက်ညှာပေးလိုက်ပါ့မယ်"

"သေချင်နေပီ"

ဆိုတဲ့ အက်ရှရှစကားသံလေးအဆုံး ဝမ်ကျူလျှိုဆီပစ်ခွင်းလိုက်သော နှင်းပုဝါရဲ့ အလင်းတန်းများ

ဝမ်ကျူလျှို အလျင်အမြန်ပင် ရှောင်လိုက်ရသည်

"ဟင်း.....ဝင်္ကပါငွေ့ရည်ဖွဲ့ရဲ့ အဓိကလက်နက် နှင်းပုဝါနဲ့တောင် တိုက်ခိုက်နိုင်နေပီပေါ့ မင်းရဲ့အတွင်းအားတေကိုဖျက်ဆီးပေးရတာပေါ့"

ဆိုကာ လန်ကျန့်ရှိရာ ခုန်ဝင်လာသော ဝမ်ကျူလျှို ဝေ့ဝူရှန့်က ကာကွယ်ဖို့ ပြင်လိုက်ပေမဲ့ နောက်ကလာနေသောနှစ်ယောက်ကြောင့်

အမြန်ပင်ခုခံလိုက်ရပြန်သည်

ထိုသည်ကပင် လန်ဝမ့်ကျီးနဲ့ ဝမ်ကျူလျှိုကိုခွဲထုတ်လိုက်သလိုဖြစ်သွားကာ ဝမ်ကျူလျှိုက လန်ဝမ့်ကျီးလေးအား ဖိအားပေးတိုက်ခိုက်နေတော့သည်

နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာWhere stories live. Discover now